Monday, February 2, 2015

ရီးယဲလ်နောက်ခံလူ ပီပီအား မန်ယူနှင့် မန်စီးတီး အပြိုင်စိတ်ဝင်စား

Photo: ရီးယဲလ်နောက်ခံလူ ပီပီအား မန်ယူနှင့် မန်စီးတီး အပြိုင်စိတ်ဝင်စား

အင်္ဂလန်ထိပ်သီးကလပ်အသင်းများဖြစ်ကြသည့် မန်ယူနှင့် မန်စီးတီးအသင်းတို့သည် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မပိတ်သိမ်းမီကာလအတွင်း အသင်း ခံစစ်ကိုအားဖြည့်ရန်အတွက် ရီးယဲလ်မက်ဒရစ်အသင်း၏ ပေါ်တူဂီနောက်ခံလူပီပီအားခေါ်ယူရန်  အပြိုင်စောင့် ကြည့်နေကြောင်းသိရသည်။ 

မန်ယူအသင်းမှာ လာမည့်ဘောလုံးရာသီမတိုင်မီ တွင် ထိပ်တန်းအဆင့်ရှိနောက်ခံလူတစ်ဦးကို မဖြစ်မနေ ခေါ်ယူရန်စီစဉ်နေပြီး  ရီးယဲလ်မက်ဒရစ်အသင်းတွင် ခြေစွမ်းပြသနေသည့်ပီပီအား စိတ်ဝင်စားလာခြင်းဖြစ် သည်။ လက်ရှိအချိန်တွင် မန်ယူအသင်းမှာ ပီပီအပြင် ဒေါ့မွန်နောက်ခံလူ ဟမ်းမဲလ်ကိုပါခေါ်ယူရန် ဆန္ဒရှိနေပြီး ¤င်းတို့နှစ်ဦးအနက်မှတစ်ဦးအား  အသင်းသို့မဖြစ်မနေ အရောက်ခေါ်ယူသွားဖွယ်ရှိကြောင်း ဗြိတိန်သတင်းစာMirror က ဖော်ပြခဲ့သည်။
ထို့ပြင် မန်စီးတီးအသင်းမှာလည်း အရည်အသွေး မြင့်နောက်ခံလူတစ်ဦးကို ခေါ်ယူရန်စီစဉ်နေကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးနောက်  ပီပီအား  မန်ယူ အသင်းနှင့်အပြိုင်စောင့်ကြည့်နေကြောင်း  ဗြိတိန်မီဒီယာ များကဖော်ပြခဲ့ကြသည်။

 အသက်(၃၁)နှစ်အရွယ်ရှိ ပေါ်တူဂီလက်ရွေးစင်နောက်ခံလူပီပီမှာ ၂ဝဝ၇ ခုနှစ်မှ စတင်ကာ ရီးယဲလ်အသင်းအတွက်ပါဝင်ကစားခဲ့သူဖြစ် ပြီး ပွဲပေါင်း ၆ဝ ကျော်ကစားကာ သုံးဂိုးသွင်းယူခဲ့သူဖြစ် ကြောင်း သိရသည်။                            

(ကိုရဲ)

No comments:

Post a Comment