Friday, February 27, 2015

MNLအမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၈) ဆက်လက်ယှဉ်ပြိုင်မည်



၂ဝ၁၅ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၈)ကို ဖေဖော်ဝါရီ ၂၈ ရက်နှင့် မတ် ၁၊ ၂ ရက်များတွင် ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ ယခုတစ်ပတ်တွင် အဆင့်(၁)မှ (၄)အတွင်းဝင်နေသော အသင်းကြီးများထိပ်တိုက် တွေ့ဆုံနေပြီး ကမ္ဘောဇ-ရန်ကုန်၊ ဧရာဝတီ-ရတနာပုံအသင်းတို့ ယှဉ်ပြိုင်ရ မည်ဖြစ်သည်။
ပွဲစဉ်(၈)အဖြစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် အောင်ဆန်းကွင်း၌ မကွေးနှင့် ဇေယျာရွှေမြေ၊ သုဝဏ္ဏကွင်း၌ ရခိုင်နှင့် ချင်းယူနိုက်တက်၊ မတ် ၁ ရက်တွင် တောင်ကြီးကွင်း၌ ကမ္ဘောဇနှင့် ရန်ကုန်၊ သုဝဏ္ဏကွင်း၌ ဇွဲကပင်နှင့်နေပြည်တော်၊ အောင်ဆန်းကွင်း၌ မနောမြေနှင့် ဟံသာဝတီ၊ မတ် ၂ ရက်တွင် ကျောက်တိုင်ကွင်း၌ ဧရာဝတီနှင့် ရတနာပုံအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပွဲစဉ်(၇)အပြီးတွင် ရန်ကုန်အသင်းက ခုနစ်ပွဲကစား ခုနစ်ပွဲစလုံး အနိုင်ရကာ ၂၁ မှတ်ဖြင့် ထိပ်ဆုံး တွင် ဦးဆောင်နေသည်။ ဧရာဝတီအသင်းက ခြောက်ပွဲကစား ၁၆ မှတ်၊ ကမ္ဘောဇ အသင်းက ခုနစ်ပွဲကစား ၁၅ မှတ်၊ လက်ရှိချန်ပီယံ ရတနာပုံအသင်းက ခြောက်ပွဲ ကစား ၁၃ မှတ်၊ မကွေးအသင်းက ခုနစ်ပွဲကစား ၁၂ မှတ်၊ ချင်းယူနိုက်တက်အသင်း က ခြောက်ပွဲကစား ရှစ်မှတ်၊ ရခိုင်အသင်းက ခုနစ်ပွဲကစား ခြောက်မှတ်တို့ ရရှိ ထားသည်။
ခုနစ်ပွဲဆက်အနိုင်ရရှိပြီး ထိပ်ဆုံးတွင်ဦးဆောင်နေသည့် ရန်ကုန်အသင်းမှာ ရှုံးပွဲမရှိသေးသည့် ကမ္ဘောဇအသင်းနှင့် အဝေးကွင်းပွဲကျပ်ကစားရမည်ဖြစ် သည်။ ကမ္ဘောဇအသင်းမှာ ယခုရာသီ၌ အိမ်ကွင်းပွဲစဉ်တိုင်း အနိုင်ရထားသည့် အသင်းဖြစ်သည်။ ဒဏ်ရာရကစားသမားများပြားနေသည့် လက်ရှိ ချန်ပီယံ ရတနာပုံအသင်းမှာ အဝေးကွင်း၌ ဧရာဝတီနှင့် ကစားရမည်ဖြစ်ရာ အမှတ်ရရေး ခက်ခက်ခဲခဲကစားရဖွယ်ရှိနေသည်။
သတင်း၊ ဓာတ်ပုံ
ရှိုင်းထက်ဇော်

No comments:

Post a Comment