Friday, February 27, 2015

နည်းပညာဆိုင်ရာ အကူအညီများ ပံ့ပိုးပေးနိုင်ရေးဆွေးနွေး



နေပြည်တော် ဖေဖော်ဝါရီ ၂၆
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ကုလသမဂ္ဂနိုင်ငံရေးရာဌာန အကြီးအကဲဖြစ်သူ ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာဂျက်ဖရီဖဲလ်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာ၌ လူ့အခွင့်အရေးဆိုင်ရာ ပြန်လည်သုံးသပ်သည့် လုပ်ငန်း စဉ်တွင် အကောင်အထည်ဖော်ရန် ကျန်ရှိသည့်ကိစ္စရပ်များအား ဆက်လက် ဆောင်ရွက်နိုင်ရေး၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေး အကောင် အထည်ဖော်ရာတွင် လိုအပ်သော နည်းပညာဆိုင်ရာ အကူအညီများ ပံ့ပိုးပေးနိုင် ရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေး နွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် အောင်သော်၊ ဦးသန့်ကျော်နှင့် ဦးကျော်ကျော်ဝင်းတို့ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment