Thursday, February 26, 2015

သတ္တမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တတိယအစည်းအဝေး ပထမနေ့ ကျင်းပ



ရန်ကုန် ဖေဖော်ဝါရီ ၂၅
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် သတ္တမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တတိယ အစည်းအဝေး ပထမနေ့ကို ရန်ကုန် တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ယနေ့နံနက် ၈ နာရီတွင် ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်သြဝါ ဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံ တော်သံဃမဟာနာယက ဆရာတော် ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီးများ၊ သာသနာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက် ရောက်ကြသည်။
ထို့နောက် သတ္တမအကြိမ် နိုင်ငံ တော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ တတိယအစည်းအဝေး၏ သြဝါဒါ စရိယဆရာတော်ကြီး ငါးပါးကို တင် မြှောက်တော်မူသည်။
အစည်းအဝေးတွင် သတ္တမအကြိမ် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် အဖွဲ့ တတိယအစည်းအဝေး၌ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိ ဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက)က သဘာပတိအဖြစ် ဆောင်ရွက်တော်မူ ပြီး တွဲဖက်အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ(အဂ္ဂမဟာ ပဏ္ဍိတ၊ ဒွိပိဋကဓရ)က အခမ်းအနား မှူးအဖြစ် ဆောင်ရွက်တော်မူသည်။
ထို့နောက် အစည်းအဝေးသို့ ကြွ ရောက်တော်မူလာကြသည့် ဆရာ တော်များအားလုံးက သာသနဿ စ လောကဿ ၊ ဝုဍ္ဎီုဘဝတု သဗ္ဗဒါစသော ဂါထာကို တစ်ညီတစ်ညွတ်တည်း သုံးကြိမ်ရွတ်ဆိုလျက် အခမ်းအနားကို ဖွင့်လှစ်တော်မူသည်။ အစည်းအဝေး ကျင်းပမည့် ၁၃၇၆ ခုနှစ် တပေါင်း လဆန်း(၈၊၉၊၁ဝ) ရက် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၅၊၂၆၊၂၇ ရက်များ တွင် ကျင်းပမည်ဖြစ်ကြောင်းလျှောက် ထားပြီး အတည်ပြုချက်ရယူသည်။
ဆက်လက်၍ နိုင်ငံတော်သြဝါဒါ စရိယ ဆရာတော်ကြီးများ၏ သြဝါဒ ကထာကို ဘဒ္ဒန္တစန္ဒောဘာသ (မဟာ ဂန္ထဝါစကပဏ္ဍိတ)၊ ဘဒ္ဒန္တမုနိန္ဒာဘိဝံ သ (အဂ္ဂမဟာပဏ္ဍိတ)၊ ဘဒ္ဒန္တပညာ နန္ဒ (အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၊ ဘဒ္ဒန္တ သူရဓဇ (အဂ္ဂမဟာပဏ္ဍိတ)၊ ဘဒ္ဒန္တ ဣန္ဒက ဆရာတော်များက နိုင်ငံတော် သြဝါဒါစရိယ ဆရာတော်ကြီးများ၏ကိုယ်စား သြဝါဒကထာများကို ဖတ်ကြား ချီးမြှင့်တော်မူသည်။
ထို့နောက် အစည်းအဝေး သဘာ ပတိ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ က အစည်းအဝေးဖွင့် သာရဏီယ သြဝါဒကထာကို ချီးမြှင့်တော်မူပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးစိုးဝင်းက သာသနာရေး ဆိုင်ရာများကို လျှောက်ထားသည်။
ယင်းနောက် အစားထိုးရွေးချယ်တင်မြှောက်ခြင်းခံရသော နိုင်ငံတော် သြဝါဒါစရိယ ဆရာတော်များနှင့် ဘွဲ့ အမည်စာရင်းကို တင်သွင်းပြီး တစ်နှစ်တာကာလအတွင်း ဆောင် ရွက်ခဲ့သော နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၏ အစီရင်ခံစာ အကျဉ်း ကို တွဲဖက်အကျိုးတော်ဆောင် ဆရာ တော် ဘဒ္ဒန္တဝေပုလ္လ(အဂ္ဂမဟာဂန္ထ ဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိ ကဓဇ)က ဝိနိစ္ဆယရေးရာ၊ သာသနာ့ ရေးရာ၊ ပညာရေးရာကိစ္စများကို တင်သွင်းလျှောက်ထား၍ နံနက်ပိုင်း အစည်းအဝေးကို ခေတ္တရပ်နားသည်။
မွန်းလွဲ ၁ နာရီတွင် အစည်းအဝေး ကို ပြန်လည်ကျင်းပရာ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ အစီရင်ခံစာအကျယ်ကို ကဏ္ဍအလိုက် သက်ဆိုင်ရာ ဆရာတော်များက တင်သွင်းလျှောက်ထားသည်။
ထို့နောက် တစ်နှစ်တာကာလ အတွင်း ပျံလွန်တော်မူသွားကြသော နိုင်ငံတော်သြဝါဒါစရိယ ဆရာတော် ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင် ဆရာတော်များအတွက် သံဝေဂဥာဏ် ပွားတော်မူကြောင်း မှတ်တမ်းတင်ပြီး အစည်းအဝေး ပထမနေ့ကို ရုပ်သိမ်းလိုက်သည်။
ယနေ့ အစည်းအဝေးသို့ ကြွရောက် တော်မူလာကြသော ဆရာတော်ကြီး များအား(စန္ဒီပရဆေးမိသားစု)ကတစ် နေ့တာဆွမ်းဆက်ကပ် လှူဒါန်းကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


No comments:

Post a Comment