Thursday, February 26, 2015

တောင်ကိုရီးယားစတိုးဆိုင်၌ သေနတ်ပစ်ခတ်မှုဖြစ်ပွား သုံးဦးသေဆုံးကြောင်း ဒေသမီဒီယာပြောကြား

'တောင်ကိုရီးယားစတိုးဆိုင်၌ သေနတ်ပစ်ခတ်မှုဖြစ်ပွား သုံးဦးသေဆုံးကြောင်း ဒေသမီဒီယာပြောကြား

ဆိုးလ်  ဖေဖော်ဝါရီ  ၂၅

တောင်ကိုရီးယားနိုင်ငံ   စတိုးဆိုင်တစ်ခု၌ သေနတ်သမားတစ်ဦး   ဝင်ရောက်ပစ်ခတ်မှုကြောင့် သုံးဦးသေဆုံးသွားကြောင်း  ဒေသဆိုင်ရာမီဒီယာက ပြောကြားသည်။ 

အဆိုပါသေနတ်ပစ်ခတ်မှုသည် ဆိုးလ်မြို့မှ ၇၅ မိုင်အကွာ ဆေးဂျုံမြို့၌ အင်္ဂါနေ့နံနက်ပိုင်းက   ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သံသယရှိသူတစ်ဦးကို  အဆိုပါမြို့အနီး၌ သေဆုံးလျက်တွေ့ရသည်။ တောင်ကိုရီးယားနိုင်ငံသည်   သေနတ်ပစ်ခတ်မှုဆိုင်ရာ ရာဇဝတ်မှု ရှားရှားပါးပါးဖြစ်ခဲ့သည့်  နိုင်ငံဖြစ်သည်။တောင်ကိုရီးယား အမျိုးသားအများစုသည် မဝင်မနေရ စစ်မှုထမ်းဥပဒေကြောင့်  သေနတ်ကျွမ်းကျင်စွာ    အသုံးပြုနိုင်ကြသူများဖြစ်သည်။ 

သို့သော်လည်း  တောင်ကိုရီးယား နိုင်ငံတွင်  ပုဂ္ဂလိကသေနတ်ပိုင် ဆိုင်မှုကို ပိတ်ပင်ထားသည်။ လုံခြုံ ရေးတာဝန်ရှိသူများသာ  သေနတ်ကိုင်ဆောင်ခွင့်ရှိပြီး  တောလိုက်မုဆိုးများသည် ယင်းတို့၏  သေနတ်များကို ရဲစခန်းများ၌ အပ်နှံထားရသည်။

ယင်းပစ်ခတ်မှုမဖြစ်ပွားမီ နှစ်နာရီအလိုတွင်  ရဲစခန်းမှ  သေနတ်နှစ်လက်  ယူဆောင်သွားခဲ့သည်ဟု   ရဲတပ်ဖွဲ့က ပြောသည်။ 

၂ဝ၁၄  ဇွန်လက တောင်ကိုရီးယား  တပ်ဖွဲ့ဝင်တစ်ဦးသည်  မြောက်ကိုရီးယားနယ်စပ်၌  လုပ်ဖော်ကိုင်ဖက် ငါးဦးအား သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ 

(ဘီဘီစီ)'

(ဘီဘီစီ)

No comments:

Post a Comment