Sunday, February 1, 2015

ဂရိအဆိုတော် ဒမီးစ် ရီးဆော့စ် အသက် (၆၈)နှစ်တွင် ကွယ်လွန်

Photo: ဂရိအဆိုတော် ဒမီးစ် ရီးဆော့စ် 
အသက် (၆၈)နှစ်တွင် ကွယ်လွန်

ကမ္ဘာတစ်ဝန်း အယ်ဘမ်အချပ်ရေ သန်း ၆ဝ ကျော် ရောင်းချခဲ့ရသူ နာမည်ကျော်ဂရိအဆိုတော် ဒမီးစ်ရီးဆော့စ်သည် အေသင်မြို့ရှိ ဟေဂျီဆေးရုံတွင် ကွယ်လွန်သွားခဲ့ပြီဟု ဘီဘီစီသတင်းဌာနက အတည်ပြုချက် ထုတ်ပြန်ခဲ့ သည်။ ၄င်းသည် သူ၏ ''Forever and Ever"သီချင်းအယ်ဘမ်၊ "Goodbyle" နှင့် "Quandje t'time" အယ်ဘမ်များကြောင့် ၁၉၇ဝ ပြည့်လွန်နှစ်များနှင့် ၁၉၈ဝ ကျော်ကာလများတွင် အောင်မြင်မှုအထွတ်အထိပ်ကို ရောက်ရှိခဲ့သူ ဖြစ်သည်။ ထို့ပြင် သူသည် ရော့ခ်ဂီတအဖွဲ့"Aphrodite's Child" အဖွဲ့ဝင် တစ်ဦးလည်းဖြစ်ကာ ၁၉၇၇ ခုနှစ်တွင် ထုတ်လွှင့်ခဲ့သော   မိုက်လိုက်၏ ရုပ်မြင်သံကြားပြဇာတ်"Abigail's Party"  တွင် နောက်ခံသီချင်းဖြင့် ပါဝင် တင်ဆက်ခဲ့ရာ  ပိုမိုကျော်ကြားလာခဲ့သည်။ သူသည် ပုဂ္ဂလိကဆေးရုံတွင် အဖျားရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကာ ကွယ်လွန်ချိန်တွင် သူ၏မိသားစု ဝင်များအားလုံးလည်း စုံစုံလင်လင်ရှိနေခဲ့ကြသည်။ ၄င်း၏ "Aprodite's Child" တီးဝိုင်းလုပ်ဖော်ကိုက်ဖက်များက ပြောကြားခဲ့ရာတွင် ''သဘာဝ တရားက သူ့ကို မှော်ဆန်တဲ့ အသံဖန်တီးပေးထားပြီး ဒီအသံကြောင့် ကမ္ဘာ အနှံ့အပြားမှာရှိနေတဲ့ လူတွေဟာ ပျော်ရွှင်ခဲ့ရတယ်။ သူက တကယ်ပြည့်စုံတဲ့ အနုပညာရှင်ပါပဲ။ ပြီးတော့ ကျွန်တော်တို့ရဲ့ မိတ်ဆွေကောင်းလည်းဖြစ်ပြန်တယ်။ အခုထက် ကောင်းမွန်တဲ့ ဘုံမှာရောက်ရှိနိုင်ပါစေ'' ဟု ဆုတောင်းပေးခဲ့ကြသည်။

ရီးဆော့စ်ကို ဂရိလူမျိုးဖခင်နှင့် အီတလီနွယ်ဖွား အီဂျစ်မိခင်တို့က ၁၉၄၆ ခုနှစ်တွင် အီဂျစ်နိုင်ငံ အလက်ဇန္ဒြီးယားမြို့မှာ မွေးဖွားခဲ့သည်။ ၁၉၆ဝ ကျော်ကာလများတွင် စူးအက်ပဋိပက္ခကြောင့် ၄င်း၏မိဘများဂရိသို့ ပြောင်းရွှေ့ လာခဲ့ကြသည်။ သူ၏ဂီတ ပရော်ဖက်ရှင်နယ်ဘဝကို အသက် (၁၇)နှစ်အရွယ် ကတည်းကပင် "The Idols" တေးဂီတဝိုင်းနှင့် အစပြုခဲ့ပြီး အဲဒီကာလမှာပင် "Aphrodite's Child"  တေးဂီတဝိုင်းနှင့်တွေ့ဆုံခဲ့ကာ"Five O'Clock"  နှင့် "666"အယ်ဘမ်နှစ်ချပ်ဖြင့် အဆိုတော်ဘဝသို့ ဝင်ရောက်လာနိုင်ပြီး ဥရောပအထိပျံ့နှံ့နာမည်ကျော်လာခဲ့သည်။ တစ်ကိုယ်တော် ရပ်တည်နိုင် သည့် အဆိုတော်ဘဝကို ၁၉၇၃ ခုနှစ် "Forever and Ever" အယ်ဘမ်ဖြင့် အောင်မြင်စွာ     ရပ်တည် နိုင်ခဲ့သလို"Happy To Be"  နှင့် "My Only Fascination"      အယ်ဘမ်များဖြင့် ဗြိတိန်တေးဂီတ  လောက သို့ပါ       ထိုးဖောက်ဝင် ရောက်နိုင်ခဲ့ပြီး ၁၉၈၁ခုနှစ် အရောက်မှာတော့ တေးရေး ဆရာဗန်ဂဲလစ် ရေးစပ်ပေး သော သီချင်းကို  သီဆိုပြီး"Chariots of Fire" ရုပ်ရှင်ကားနောက်ခံသီချင်းအဖြစ် အသုံးပြုနိုင်ခဲ့ရာ အောင်မြင်မှု အထွတ်အထိပ်ကို ရောက်ရှိခဲ့သည်။

သို့သော် ၁၉၈၅ အစ္စလာမ်ဂျီဟက်နှင့် ဟစ်ဇ်အိုဘာအဖွဲ့ဝင်များ၏ အေသင်မှ ရောမသို့ ပျံသန်းသောFlight TWA847   လေယာဉ်အပိုင်စီးမှုတွင် ရီးဆော့စ်နှင့် သူ၏တတိယမြောက်ဇနီးတို့လည်း ပါဝင်ခဲ့ပြီး ငါးရက်တာ သေနတ် ထောက်ခြိမ်းခြောက်မှုခံခဲ့ရသည်။ ယင်းအတွေ့အကြုံက သူ၏ဘဝကို လုံးဝ ပြောင်းလဲခဲ့ကာ အခြားသူများကိုကူညီရန်နှင့် စာနာထောက်ထားမှုပေးရန် ကြိုးပမ်းလာခဲ့သည်။ မကြာသေးမီကာလကတွင် ၄င်း၏နောက်ဆုံးတေးအယ်ဘမ် ဖြစ်သည့်"The Story of Demis Roussous" ထွက်ရှိခဲ့ပြီး ကွယ်လွန်ချိန်တွင် သူ၏မိခင် အော်လာ (၉၄)နှစ်၊ သားသမီးနှစ်ဦးဖြစ်သော အမ်မလီနှင့် ဆီရယ် ကာလကြာရှည်စွာ လက်တွဲဖော်ဖြစ်သည့် ဒေါ်မနီးခ်၊အစ်ကိုဖြစ်သူ ကော်စတာ တို့ကျန်ရစ်ခဲ့သည်။  မှော်ဆန်သည့် ဂီတပညာရှင်ဖြစ်သူ ဒမီးစ်၏ အသုဘ အခမ်းအနားကို ဇန်နဝါရီ ၃ဝတွင် အေသင်မြို့၌ကျင်းပခဲ့ပြီး အံ့သြဖွယ်ဘဝအနိမ့်အမြင့်အတက်အကျများဖြင့် ပြည့်နက်နေခဲ့သော နာမည်ကျော် အဆိုတော် တစ်ဦးသည် ယခုအခါတွင် လူသားအားလုံးကို ထာဝရနှုတ်ဆက်သွားခဲ့ပြီဖြစ် သည်။

No comments:

Post a Comment