Sunday, February 1, 2015

တာချီလိတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ၊ အိုက်(စ်)နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Photo: တာချီလိတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ၊
အိုက်(စ်)နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

နေပြည်တော်  ဇန်နဝါရီ  ၃၁

မူးယစ်တပ်ဖွဲ့စု(၁ဝ၂)နေပြည်တော် မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇန်နဝါရီ ၂၉ ရက်က တာချီလိတ်မြို့နယ်  မိုင်းဖုန်း(က)အုပ်စု ပါခုတ်ပူးပေါင်းစစ်ဆေးရေး စခန်းတွင်   ဝမ်ပုံကျေးရွာဘက်မှ တာချီလိတ်ဘက်သို့ အိုက်ပန်မောင်းနှင် လာသည့်  မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ၄င်းဝတ်ဆင်ထား သော ကာကီရောင်ဘောင်းဘီရှည် အိတ်အတွင်းမှ  စိတ်ကြွရူးသွပ် ဆေးပြား ရှစ်ပြား သိမ်းဆည်းရမိခဲ့ သည်။

စစ်ဆေး  ဖော်ထုတ်ချက်အရ တာချီလိတ်မြို့နယ်  မိုင်းဖုန်း(က)အုပ်စု လွန်းကျိုင်းကျေးရွာနေ ဘိုဘို ထွန်း၏  နေအိမ်ကို  ဝင်ရောက် ရှာဖွေရာ အိပ်ခန်းအတွင်းရှိ ပလတ် စတစ် အံဆွဲအတွင်းမှ  အိုက်(စ်) (ICE) သုည ဒသမ ၃ ဂရမ်နှင့်       ကာကီရောင်ဘောင်းဘီရှည်အိတ်ကပ် အတွင်းမှ  စိတ်ကြွရူးသွပ်ဆေးပြား ၂၂၃ ပြား၊ ပစ္စတိုသေနတ်တစ်လက်၊ ကျည်ကတ်တစ်ခု၊    ၄င်းကျည်   ခြောက်တောင့်၊ ထိုင်းဘတ်ငွေ ၁ဝ၃၆ဝ တို့ကို ထပ်မံသိမ်းဆည်းရမိသဖြင့်   အိုက်ပန်(၅၆)နှစ်နှင့် ဘိုဘိုထွန်း(၄၅) နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ  အရေးယူထားကြောင်း သတင်းရရှိသည်။      

 (မူးယစ်ဗဟို)

No comments:

Post a Comment