Sunday, February 1, 2015

မန်ယူအသင်းမှ ဒီဂီယာ ထွက်ခွာနိုင်ကြောင်း ဗန်ဟားလ်ပြောကြား

Photo: မန်ယူအသင်းမှ ဒီဂီယာ ထွက်ခွာနိုင်ကြောင်း ဗန်ဟားလ်ပြောကြား

စပိန်လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်အသင်းက ခေါ်ယူရန်ပစ်မှတ်ထားခြင်းခံထားရသည့် ဂိုးသမားဒီဂီယာသည် လက်ရှိ ကစားလျက်ရှိသည့် မန်ယူအသင်းမှထွက်ခွာနိုင်ကြောင်း မန်ယူအသင်းနည်းပြ ဗန်ဟားလ်က ဝန်ခံပြောကြား ခဲ့သော်လည်း ဒီဂီယာအား ဆက်ထိန်းသွားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

မန်ယူအသင်းဂိုးသမား ဒီဂီယာသည် မန်ယူအသင်းနှင့် လက်ရှိစာချုပ်အား သက်တမ်းတိုးစာချုပ်ချုပ်ဆိုမည်ဟု ယခုလအစောပိုင်းက ပြောကြားခဲ့သည်။ သို့သော် ဇန်နဝါရီ ၃ဝ ရက်ကမူ မန်ယူအသင်းနှင့် စာချုပ်သက်တမ်း တိုးရန်မှာ မသေချာသေးကြောင်း ပထမဆုံးအကြိမ်အဖြစ် ပြောကြားခဲ့သည်။
''ဘောလုံးလောကမှာ ဘာမဆိုဖြစ်နိုင်ပါတယ်။ ဒီဂီယာအနေနဲ့ ဥရောပချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်း အတွက် မန်ယူကနေထွက်ခွာဖို့ တောင်းဆိုလာခဲ့မယ်ဆိုရင်တောင် ကျွန်တော်တို့အနေနဲ့ သူ့ကို မထွက်ခွာဖို့နဲ့ စာချုပ်သက်တမ်းတိုးဖို့ တောင်းဆိုသွားရမှာပါ''ဟု မန်ယူအသင်းနည်းပြ ဗန်ဟားလ်က ပြောကြားခဲ့သည်။

မက်ဒရစ်နွယ်ဖွား ဂိုးသမားဒီဂီယာသည် မန်ယူအသင်းအတွက် အကောင်းဆုံးပုံစံရရှိနေပြီး မန်ယူအသင်းနှင့် စာချုပ်သက်တမ်းသည်လည်း ၁၇ လတာ ကျန်တော့ကြောင်းသိရသည်။ အသက်(၂၄)နှစ်အရွယ်ရှိ ဂိုးသမား ဒီဂီယာသည် ၂ဝ၁၁ ခုနှစ်က အက်သလက်တီကိုမက်ဒရစ်အသင်းမှ ပြောင်းရွှေ့ကြေးပေါင် ၁၈ ဒသမ ၉ သန်းဖြင့် ရောက်ရှိလာခဲ့သူဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုထား ခြင်းမရှိသေးကြောင်း သိရသည်။

No comments:

Post a Comment