သီပေါ ဖေဖော်ဝါရီ ၂၇
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ တိုက်ပွဲရှောင် နေရပ်ပြန်တိုင်းရင်းသား
ပြည်သူများ၊ ဝန်ထမ်းများကို သီပေါ မြို့မှ စေတနာရှင်များက မြို့အဝင်
မုခ်ဦးမှ ကြိုဆိုကြပြီး ထမင်းဘူး၊ ရေသန့်၊ စားစရာမုန့်များနှင့်
အလှူငွေများကို ပရဟိတစိတ်ဓာတ်ဖြင့် လူသားချင်း စာနာထောက်ထားကူညီကြသည်မှာ
၁ဝ ရက်မြောက်ရှိပြီဖြစ်ကြောင်း သိရ သည်။
ဖေဖော်ဝါရီ ၂၄ ရက်က သီပေါမြို့ ဗုဒ္ဓဘာသာယဉ်ကျေးမှုအသင်းမှ တိုက်ပွဲ ရှောင် တိုင်းရင်းသားသွေးချင်းများ အတွက် အလှူငွေကျပ် ၁ဝ သိန်းကို မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်ထံပေးအပ်လှူဒါန်းခဲ့သည်။
ယခု သီပေါမြို့သို့ ဖြတ်သန်း ရောက်ရှိလာသော လောက်ကိုင် တိုက်ပွဲရှောင်များမှာ ၆၈ဝဖြစ်ပြီး ကျန်း မာရေးဌာန၊ ကြက်ခြေနီ၊ မီးသတ်၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဌာန ဆိုင်ရာများက နွေးထွေးစွာကြိုဆိုကြ ပြီး ထမင်းဟင်းလျာများ ကျွေးမွေးပေး ကာ ကျန်းမာရေးစစ်ဆေးကုသပေးခဲ့ ကြောင်း သိရသည်။ စိုင်း(သီပေါ)

No comments:
Post a Comment