Saturday, February 28, 2015

စတုတ္ထအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဆက်လက်ကျင်းပ





သတင်းနှင့်ဓာတ်ပုံ- ကိုကိုစိုးညွန့်

နေပြည်တော် ဖေဖော်ဝါရီ ၂၇

၂ဝ၁၅ ခုနှစ် စတုတ္ထအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ ကရာတေးဒို၊ မြန်မာ့သိုင်း၊ ဘောလုံး၊ ဘတ်စကက်ဘော၊ ဖူဆယ်၊ အလေးမ၊ ပိုက်ကျော်ခြင်း၊ လက်ဝှေ့နှင့် ဘော်လီဘောပြိုင်ပွဲများကို နေပြည်တော်ရှိ သတ်မှတ်ထားသည့်နေရာများ၌ ယှဉ်ပြိုင် ကြသည်။

လက်ဝှေ့ပြိုင်ပွဲများကို မွန်းလွဲ ၂ နာရီတွင် ဝဏ္ဏသိဒ္ဓိလက်ဝှေ့ အား ကစားရုံ၌ ကျင်းပရာ အမျိုးသမီး ဗိုလ်လုပွဲများ၌ ၄၅ ကီလိုတန်းတွင် နီနီကို (နေပြည်တော်)က လည်း ကောင်း၊ ၄၈ ကီလိုတန်းတွင် သက်ထားစံ (ကရင်)ကလည်းကောင်း၊ ၅၁ကီလိုတန်းတွင် နှင်းမို့မို့နိုင်(ရှမ်း)ကလည်းကောင်း၊ ၅၄ ကီလိုတန်း တွင် နွယ်နီဦး(ပဲခူး)က လည်းကောင်း၊ ၆ဝကီလိုတန်းတွင် ဘယ်ရောနီကာ (ရှမ်း)က လည်းကောင်း အသီးသီး အနိုင်ရကာ ဗိုလ်စွဲကြပြီး အမျိုးသား အကြို ဗိုလ်လုပွဲစဉ်များလည်း ယှဉ်ပြိုင်ကြသည်။

ကရာတေးဒို(ကုမိတဲ့)ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားရုံ-A ၌ကျင်းပရာ အမျိုးသမီး ၅ဝ ကီလိုနှင့်အောက် ပြိုင်ပွဲတွင် သဇင်အေး (ကယား)က ပထမ၊ အေးအေးခိုင် (နေပြည်တော်)က ဒုတိယ၊ မော်မော်နိုင်(တနင်္သာရီ)နှင့် စောနန္ဒာကျော်(ရခိုင်)က ပူးတွဲ တတိယ၊ ၆၈ ကီလိုအထက်ပြိုင်ပွဲ တွင် ဇုန်လဲကျန်န်(ချင်း)က ပထမ၊ နီလာဝင်း (ရခိုင်)က ဒုတိယ၊ ငြိမ်းငြိမ်း လှ(ကချင်)နှင့် ဝင်းသူဇာမင်း(ကယား)က တတိယ၊ အသင်းလိုက်ပြိုင်ပွဲ တွင် ကယားက ပထမ၊ ရန်ကုန်က ဒုတိယ၊ နေပြည်တော်နှင့် ဧရာဝတီက ပူးတွဲတတိယ၊ အမျိုးသား ၅၅ကီလို နှင့်အောက်ပြိုင်ပွဲတွင် စံတိုး(ရန်ကုန်)က ပထမ၊ ကိုကို(မွန်)က ဒုတိယ၊ စောပလဲရယ်ဂျော့(ကယား)နှင့် ဝင်း ရန်ပိုင်(နေပြည်တော်)က ပူးတွဲ တတိယ၊ ၆ဝကီလိုနှင့်အောက်ပြိုင်ပွဲ တွင် အောင်ခင်စစ်(ကယား)က ပထမ၊ မြင့်မောင်မောင်ဟိန်း (ရန်ကုန်)က ဒုတိယ၊ ထက်အောင်(နေပြည်တော်) နှင့် ကျော်ဇင်ထက်(ဧရာဝတီ)က ပူးတွဲတတိယ၊ ၈၄ ကီလိုအထက်ပြိုင် ပွဲ တွင် မျိုးသူ(ရှမ်း)က ပထမ၊ ခင်ညွန့် (ကယား)က ဒုတိယ၊ အောင်ဇော်မင်း (မွန်)နှင့် အောင်သီဟ(ရန်ကုန်)က ပူးတွဲတတိယ ရရှိကြသည်။

အမျိုးသား ဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲကို ဝဏ္ဏသိဒ္ဓိကွင်း ၌ ကျင်းပရာ ပဲခူးက ချင်းကို ၂-ဝ ဂိုးဖြင့် အနိုင်ရသည်။

အမျိုးသမီး ဖူဆယ်ပြိုင်ပွဲကို ဖူဆယ်အားကစားရုံ၌ ကျင်းပရာ တတိယနေရာ လုပွဲတွင် ဧရာဝတီက ရှမ်းကို ၃-ဝဂိုးဖြင့်အနိုင်ရပြီး ဗိုလ်လု ပွဲတွင် မန္တလေးက ပဲခူးကို ၈-၄ ဂိုး ဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။
မြန်မာ့သိုင်းပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိ အားကစားရုံ-C ၌ ကျင်းပရာ အမျိုးသမီးတစ်ကိုယ်တော်လှံသိုင်း စွမ်းရည်ပြပြိုင်ပွဲတွင် မိုးမိုးဇာ (နေပြည်တော်) က ပထမ၊ စုစုလှိုင် (နေပြည်တော်)က ဒုတိယ၊ သဇင်လှိုင် (မွန်)က တတိယ၊ အမျိုးသားတစ် ကိုယ်တော် လှံသိုင်းစွမ်းရည်ပြပြိုင်ပွဲ တွင် သိုက်မောင်မောင်ထွန်း (စစ် ကိုင်း)က ပထမ၊ နေလင်းဦး (တနင်္သာ ရီ)က ဒုတိယ၊ အောင်သူ(ပဲခူး)က တတိယရရှိပြီး အမျိုးသား/အမျိုး သမီး ဗန်တိုအတိုက်နှင့် ဓားသိုင်း အတိုက် ဗိုလ်လုပွဲများကို ကီလိုတန်း အလိုက် ယှဉ်ပြိုင်ကြသည်။
ဘတ်စကက်ဘောအကြိုဗိုလ်လု ပွဲစဉ်များကို လေ့ကျင့်ရေးကွင်း၌ ကျင်းပရာ အမျိုးသမီးပွဲစဉ်တွင် စစ်ကိုင်းက ရှမ်းကို (၁၃၆-၃၂) မှတ် ဖြင့် လည်းကောင်း၊ ပဲခူးက ဧရာ ဝတီကို (၅၅-၃၁) မှတ်ဖြင့်လည်း ကောင်း၊ အမျိုးသားပွဲစဉ်တွင် ရန်ကုန် က ကရင်ကို (၆၄-၄၁)မှတ်ဖြင့်လည်း ကောင်း၊ ကချင်က ရှမ်းကို (၇၂-၄၅)မှတ်ဖြင့်လည်းကောင်း အနိုင်ရကာ ဗိုလ်လုပွဲ တက်ရောက်ကြသည်။
ပိုက်ကျော်ခြင်းပြိုင်ပွဲ နှစ် ယောက်တွဲအဖွဲ့လိုက်အကြိုဗိုလ်လု ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားရုံ-B ၌ကျင်းပရာ အမျိုးသမီးပွဲစဉ်တွင် ပဲခူးက ရှမ်းကိုလည်းကောင်း၊ မွန်က ဧရာဝတီကိုလည်းကောင်း၊ အမျိုးသား ပွဲစဉ်တွင် ရခိုင်က တနင်္သာရီကိုလည်း ကောင်း၊ စစ်ကိုင်းက ရန်ကုန်ကိုလည်း ကောင်း အနိုင်ရကာ ဗိုလ်လုပွဲတက် ရောက်ကြသည်။

No comments:

Post a Comment