ဗန်ကောက် ဖေဖော်ဝါရီ ၂၇
ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ရောက်ရှိနေသော ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ယနေ့နံနက်ပိုင်း ဒေသစံတော်ချိန် ၉ နာရီ မိနစ် ၂ဝ တွင် Samut Sakom ခရိုင်ရှိ ခရိုင် ကျန်းမာရေးမြှင့်တင်မှုဆေးရုံသို့ရောက်ရှိကြရာ Samut Sakom ခရိုင်ပြည်နယ်အုပ်ချုပ်ရေးမှူး Acting Pol. Lt. Arthit Boonyasophat နှင့်တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။
ယင်းနောက် ဆေးရုံအစည်းအဝေးခန်းမ၌ Register- ed Nurse, Professional Level Ms. NAHATHAI CHULKARAT က ခရိုင်ကျန်းမာရေးမြှင့်တင်မှု ဆေးရုံ ဆိုင်ရာအချက်အလက်များ၊ ကျန်းမာရေးစောင့်ရှောက်မှု စနစ်နှင့် ကျန်းမာရေးစီမံခန့်ခွဲမှု၊ အများပြည်သူနှင့် သက်ဆိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာများ ကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့် ပြည်နယ် အုပ်ချုပ်ရေးမှူးတို့သည် အဆိုပါဆေးရုံ၌ ဆေးဝါးကုသမှုခံယူ လျက်ရှိသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ ထောက်ပံ့အားပေး စကား ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် Queen Sirikit Health Center (ခရိုင်ခွဲဆေးရုံ)သို့ ရောက်ရှိ ရာ ခရိုင်ခွဲဆေးရုံမှ တာဝန်ရှိသူများက ခရိုင်ခွဲဆေးရုံဆိုင်ရာ အချက်အလက် များနှင့် ရွှေ့ပြောင်းအလုပ်သမားများ အား ဆေးဝါးကုသပေးနေမှု အခြေ အနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ခရိုင်ခွဲဆေးရုံအတွင်း ရောဂါအမျိုးအစားအလိုက် ဆေးဝါး ကုသပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။
ထို့နောက် အစည်းအဝေးခန်း၌ ခရိုင်ခွဲဆေးရုံမှ တာဝန်ရှိသူများက ဒေသခံပြည်သူများနှင့် ရွှေ့ပြောင်း အလုပ်သမားများအား ဆေးဝါးကုသ ပေးနေမှု၊ ကျန်းမာရေးစောင့်ရှောက် မှုဆိုင်ရာများ ဆောင်ရွက်ပေးနေမှုနှင့် Health Volunteers များ အခြေ အနေကို ရှင်းလင်းတင်ပြကြရာ ဒုတိယသမ္မတက သိရှိလိုသည်များ ကို မေးမြန်းခဲ့သည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် Samut Sakomခရိုင် ပြည်နယ်အုပ်ချုပ်ရေးမှူး Acting Pol. Lt. Arthit Boonyasophat က တည်ခင်းဧည့်ခံသည့် နေ့လယ်စာ စားပွဲသို့ တက်ရောက်ကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတ နှင့်အဖွဲ့သည် ထိုင်းနိုင်ငံ နိုင်ငံခြား ရေးဝန်ကြီးဌာနသို့ ရောက်ရှိပြီး အဆိုပါ ဝန်ကြီးဌာန ဧည့်ခန်းမ၌ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Gen. Tanasak Patimpragorn နှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့် အတူ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ဒုတိယဝန်ကြီး ဦးတင်ဦးလွင်နှင့်အတူ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ တက်ရောက် ကြသည်။
ထိုသို့တွေ့ဆုံစဉ် ကျန်းမာရေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် သာမက ဗဟိုအဆင့်အထိ တိုးမြှင့် ဆောင်ရွက်ရေး၊ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုပိုမိုတိုးမြှင့်ရေးအတွက် ဗီဇာ ကင်းလွတ်ခွင့် ဆောင်ရွက်ရေးနှင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေး ကာကွယ်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် Wat Prayun Wong- sawat ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာ တော်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့သည်။
ညပိုင်းတွင် ဒုတိယသမ္မတနှင့် အဖွဲ့သည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီး ချုပ်၊ နိုင်ငံခြားရေးဝန်ကြီး H.E. Gen. Tanasak Patimpragorn က Kenpinski Hotel ၌ တည်ခင်း ဧည့်ခံသည့် ညစာစားပွဲသို့ တက် ရောက်ခဲ့ကြသည်။ (သတင်းစဉ်)
No comments:
Post a Comment