နတ်မောက် ဖေဖော်ဝါရီ ၁
မကွေးတိုင်းဒေသကြီး နတ်မောက်
မြို့နယ် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် ရွာမွန်ကျေးရွာတွင် ကျေးလက်ဒေသ
ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေ
ဖြင့် ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၂ နာရီက ကျေးရွာမီးလင်းရေးအတွက် ဆိုလာပြားနှင့် အထောက်အကူပြု ပစ္စည်းများပေးအပ်သည့် အခမ်း
အနားကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဌေးအောင်က အဖွင့်အမှာ
စကားပြောကြားပြီး မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန ဦးစီးအရာရှိ ဦးအောင်ကိုလတ် က မြို့နယ်၏ ကျေးလက်ဒေသဖွံ့ဖြိုး
တိုးတက်ရေးလုပ်ငန်းများကို အကျယ်
တဝင့် ရှင်းလင်း၍ မြို့နယ်ဦးစီးမှူးက
ကျေးရွာ ဆိုလာမီးလင်းရေးပစ္စည်း များကို ပေးအပ်ခဲ့ရာ ရွာမွန်ကျေးရွာ မီးလင်းရေးကော်မတီဥက္ကဋ္ဌမှ လက်ခံ
ရယူခဲ့သည်။
ယင်းအပြင် ရွာမွန်ကျေးရွာရှိ အိမ်ခြေ ၂၂၉ အိမ်ရှိ အိမ်ထောင်စု များအတွက် ကျေးလက်မီးလင်းရေး အထောက်အကူပြုပစ္စည်း ၂၂၉ စုံ
တို့ကို ပေးအပ်ခဲ့၍ တစ်အိမ်ထောင်
လျှင် ဆိုလာပြားတစ်ချပ်နှင့် မီးလင်း
ရေးအထောက်အကူပြု ပစ္စည်းများ လက်ခံရယူခဲ့သည်။
လှဝင်း

No comments:
Post a Comment