Monday, February 2, 2015

ဂျပန်သတင်းထောက် ဂိုတိုကို အိုင်အက်စ်တို့က သတ်ဖြတ် အကြမ်းဖက်ဝါဒကို အလျှော့ပေးမည်မဟုတ်ဟု ၀န်ကြီးချုပ်အာဘေးဆို



တိုကျို ဖေဖော်ဝါရီ ၁

အစ္စလာမ္မစ်နိုင်ငံ စစ်သွေးကြွများက ထုတ်ပြန်ခဲ့သည့် ဂျပန်ဓားစာခံကင်ဂျီဂိုတိုအား ခေါင်းဖြတ်သတ်သည့် ဗီဒီယိုအပေါ် ဂျပန်နိုင်ငံက ဒေါသတကြီး တုံ့ပြန်ပြောဆိုခဲ့သည်။

''ဂျပန်နိုင်ငံအနေနဲ့ အကြမ်းဖက်မူဝါဒကို ပို၍ဆန့်ကျင်သွားမှာပါ။ အိုင်အက်စ်တွေကို တိုက်ခိုက်နေတဲ့ နိုင်ငံတွေကို ပိုပြီးထောက်ပံ့ပေးသွားမှာပါ''ဟု ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားလိုက်သည်။

ဂျပန်နိုင်ငံ၏ အကူအညီသည် ပြန်ပေးဆွဲမှုများသာ ဖြစ်လာလိမ့်မည် ဖြစ်ကြောင်း အိုင်အက်စ်တို့က ပြောသည်။ အဆိုပါ ဗီဒီယိုသည် အခြားဂျပန်နိုင်ငံသား တစ်ဦးဖြစ်သည့် ဟာရုနယူကာဝါအား ခေါင်းဖြတ်ကွပ်မျက်ခဲ့ပြီး သီတင်းတစ်ပတ်မပြည့်မီမှာပင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အသက် ၄၇ နှစ်ရှိ မစ္စတာဂိုတိုသည် စစ်ဖြစ်ပွားရာဇုန်အတွင်း သတင်းရယူနေသော သတင်းထောက်တစ်ဦးဖြစ်ပြီး အောက်တိုဘာလက ဆီးရီးယားသို့ သွားရောက်ခဲ့သည်။ဂျပန်နိုင်ငံအနေဖြင့် မစ္စတာဂိုတိုကို သတ်ဖြတ်သူအား တရားသဖြင့် ဖြစ်စေရန် နိုင်ငံတကာ အသိုက်အဝန်းနှင့်ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောဆိုလိုက်သည်။ မစ္စတာဂိုတို၏ မိခင်ဂျွန်ကို အီရှိဒိုက သူမအနေဖြင့် သေဆုံးမှုနှင့်ပတ်သက်ပြီး ဘယ်လိုမှ မပြောတတ်တော့ကြောင်း၊ ၎င်းသည် ဆီးရီးယားသို့ ကြင်နာမှုနှင့်သတ္တိတို့ကို အရင်းပြုကာ ထွက်သွားခဲ့ခြင်းဖြစ်သည်ကိုသာ သိပါကြောင်းဖြင့် ပြောကြားသည်။

(ဘီဘီစီ)

No comments:

Post a Comment