ကနီ၊ ဖေဖော်ဝါရီ ၁
ပွင့်လင်းရာသီ၌ အပူချိန်မြင့်တက်
လာပြီဖြစ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ကနီမြို့တွင်
ဇန်နဝါရီ ၃ဝ ရက်က မြို့နယ် သန္ဓေ
မီးသတ်ဦးစီးဌာန လက်ထောက်ဦးစီး မှူး ဦးထိန်လင်းထွန်းနှင့် အရန်
မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်
လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်
ရှိသူများ၊ မြို့နယ် မီးဘေးလုံခြုံရေး အဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သည့်အဖွဲ့သည် မြို့ပေါ် ရပ်ကွက်များအတွင်း မီးဘေး
အန္တရာယ်ကင်းရှင်းစေရန်Mobile စနစ်ဖြင့် တစ်အိမ်တက် တစ်အိမ် ဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး
မှ တာဝန်ရှိသူတစ်ဦးက လျှပ်စစ်
ပေါင်းအိုးများနှင့် မီးဖိုအသုံးပြုနည်း၊
လျှပ်စစ်အားသွင်းကြိုးများ စနစ်တကျ
သုံးစွဲနည်းများ ရှင်းလင်းပြောပြပြီး၊
မြို့နယ် သန္ဓေမီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးထိန်လင်း ထွန်းက မိမိတို့မြို့အနေဖြင့် ယခင် နှစ်မှစတင်၍ ၂၄ နာရီ မီးအသုံးပြု လာရ၍ လျှပ်စစ်မီးကိုသတိပြုအသုံး
ပြုရန်နှင့် မီးသတ်ဆေးဘူးများထားရှိ
ရန်ပြောပြခဲ့သည်။
သန်းဌေးအောင်(ကနီ)

No comments:
Post a Comment