Saturday, February 28, 2015

ခိုလုံလီရှောတိုင်းရင်းသားရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးပွဲတော် ကျင်းပ



နမ့်ခမ်း ဖေဖော်ဝါရီ ၂၇

ခိုလုံလီရှောတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ချုပ်၏ နှစ်သစ်ကူးပွဲတော်ကို ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းမြို့ လီရှောတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ချုပ်ရုံးရှိ ကွင်းပြင်၌ကျင်းပသည်။

အခမ်းအနားတွင် ယဉ်ကျေးမှုဥက္ကဋ္ဌ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက အမှာစကားပြောကြားသည်။ ယင်းနောက် နမ့်ခမ်းမြို့နယ် လီရှောတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ရိုးရာအဆိုအကများ၊ ဖိတ်ကြားထားသောရှမ်း၊ ကချင် စသည့်တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက် ကြသည်။

 ယခုကျင်းပသော ခိုလုံလီရှောနှစ်သစ်ကူးပွဲတော်မှာ (၂၅) နှစ်မြောက်ငွေရတုပွဲတော်ဖြစ်ပြီး တောင်ပေါ်ကျေးရွာဒေသများမှ ခိုလုံလီရှောတိုင်းရင်းသားများ စုပေါင်းဆင်နွှဲကာ အခမ်းအနားစတင်ကျင်းပသည့်နေ့မှ ဖေဖော်ဝါရီ ၂၄ ရက်အထိ ရိုးရာဝတ်စုံကို ဝတ်ဆင်ကြရာ ရိုးရာအကကို စုပေါင်းဝိုင်းဖွဲ့၍ကကြကြောင်း သိရသည်။ ဥာဏ်မင်း(နမ့်ခမ်း)

No comments:

Post a Comment