ဘိုကလေး ဖေဖော်ဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး ဘို ကလေးမြို့နယ် ပေချောင်းကြီးရွာ
ကံ့ကော်တစ်ထောင်တွင် ကံ့ကော် တစ်ထောင် သာသနာပြုဆရာတော် အဂ္ဂမဟာ
သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ကေလာသ ဆရာတော်ဦးစီး၍ ဖေဖော်ဝါရီ ၁၈ ရက်မှ မတ် ၄ ရက်
အထိ အနေကဇာတင်ပွဲကြီးကို ၁၅ ရက်တိုင်တိုင် ကျင်းပလျက်ရှိသည်။
နေ့စဉ်ပူဇော်ပွဲအဖြစ် တရားပွဲ၊ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော် ပွဲနှင့် စတုဒိသာကျွေးမွေးလှူဒါန်းပွဲ များကျင်းပပြီး ဖေဖော်ဝါရီ ၂၇ ရက် တွင် သက်ကြီးပူဇော်ပွဲ (အဘိုး)၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် သက်ကြီး ပူဇော်ပွဲ(အဘွား)၊ မတ် ၁ ရက်တွင် နှစ်ကျိပ်ရှစ်ဆူပူဇော်ပွဲ၊ မတ် ၂ ရက် နှင့် ၃ ရက်တွင် ဒုလ္လဘရဟန်းခံပွဲ၊ ရှင် ၁ဝဝ ပြုပွဲ၊ သီလရှင်ဝတ်ပွဲ၊ မတ် ၄ ရက်တွင် ပင့်သံဃာ ၁ဝဝ တို့အား ရှင်ပြုရဟန်းခံ သိက္ခာထပ်ရေစက်ချပွဲများကျင်းပပြီး ဇာတ်ပွဲ၊ အငြိမ့်ပွဲ ဖျော်ဖြေပွဲများဖြင့် အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသော ဘုရားဖူးများကြောင့် စည်ကားလျက် ရှိကြောင်း သိရသည်။
(မြန်မာ့အလင်း)

No comments:
Post a Comment