Saturday, February 28, 2015

လောက်ကိုင်မြို့တွင်းမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ



နေပြည်တော် ဖေဖော်ဝါရီ ၂၇

လောက်ကိုင်မြို့တွင်း တပ်မတော် စစ်ကြောင်းများက လုံခြုံရေးဆောင် ရွက်စဉ် ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၄ နာရီခွဲခန့်တွင် ရွေဇင်မြို့သစ် ရပ်ကွက်(၃) အဝိုင်း၌ မသင်္ကာဖွယ် ရာ အရပ်သားသုံးဦးကို တွေ့ရှိ၍ စစ်ဆေးခဲ့ရာ တာဇင်ကျိုင်းကျေးရွာ နေ လီဆင်းဝ(၂၆ နှစ်) (ဘ) ဦးလီ ဖျင်ချန်၊ ချိန်ရီ (၂၇ နှစ်)(ဘ) ဦးချိန်ဝင်ဆင်းနှင့် ဝူကွန်းဟိုင်(၂၄ နှစ်) (ဘ) ဦးဝူလျှောက်ဝါ တို့အား အိုက်စ်အမှုန့် ၃၅ဝ ဂရမ်၊ အက်ဖီ တမင်းအဖြူမှုန့် ၄၅ဝဝ ဂရမ်ပါ တစ် ထုပ်၊ ၁ ကီလိုဂရမ်ပါ တစ်ထုပ်၊ ၃ ဂရမ်ပါ တစ်ထုပ်နှင့် WY စာတန်း ပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၅ဝ စုစုပေါင်း ကာလတန်ဖိုးငွေကျပ် ၁၃၂ သိန်းခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အလားတူ ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၁ဝ နာရီခွဲခန့်တွင် တပ်မတော် စစ်ကြောင်းများက အဆောက်အအုံ တစ်လုံးအား ဝင်ရောက်ရှင်းလင်းခဲ့ရာ ၄င်းအဆောက်အအုံအတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ဝဝ ကာလတန်ဖိုး ငွေကျပ် ၁၈ သိန်းခန့်အား ပိုင်ရှင်မဲ့သိမ်းဆည်းရ မိခဲ့သည်။
အဆိုပါဖမ်းဆီးရမိသော တရားခံများနှင့်မူးယစ်ဆေးဝါးများအား လောက်ကိုင်မြို့ရှိ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သို့ စနစ် တကျအပ်နှံ၍ လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
(မြဝတီ)

No comments:

Post a Comment