Monday, February 2, 2015

မကွေးနှင့်  ဧရာဝတီတို့ နိုင်ပွဲရ

Photo: မကွေးနှင့်  ဧရာဝတီတို့ နိုင်ပွဲရ

၂ဝ၁၅ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၄)နောက်ဆုံးနေ့ပွဲစဉ်များကို ယနေ့ညနေပိုင်းက ဆက်လက် ကျင်းပသည်။ 

(အောင်ဆန်းကွင်း)
မကွေး - နှစ်ဂိုး
(စိုးမင်းနိုင်နှင့် ဆယ်လာ)
ဇွဲကပင် - တစ်ဂိုး
(ဇင်ဖြိုးအောင်)

မကွေးအသင်းမှာ ပထမပိုင်းတွင် ဂိုးပေးခဲ့ရသော်လည်း ဒုတိယပိုင်းတွင် ရရှိခဲ့သည့် နှစ်ဂိုးကြောင့် နိုင်ပွဲပြန်လည် ရရှိခဲ့ခြင်းဖြစ်သည်။ မကွေးအသင်းမှာ လူစုံအသုံးပြုခဲ့ သော်လည်း ခြေစွမ်းပိုင်းအရ သာမန်သာရှိခဲ့ပြီး ဒုတိယပိုင်းမှသာ ပုံစံကောင်းပြသနိုင်ခဲ့ခြင်းဖြစ်သည်။ ဇွဲကပင် အသင်းမှာ သုံးပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းလည်း ဖြစ်သည်။ 
မကွေးအသင်း လူစုံအသုံးပြုခဲ့သော်လည်း ကစားကွက်တည်မရဖြစ်နေသောကြောင့် ပထမပိုင်းတွင် အသာမရခဲ့ပေ။ နိုင်ပွဲမရသေးသည့် ဇွဲကပင်အသင်းကလည်း ပွဲစကတည်းက အားထည့်ကစားခဲ့ပြီး ၁၉ မိနစ်တွင် ဇင်ဖြိုးအောင်က ဇွဲကပင်အတွက် ဂိုးစတင်သွင်းယူပေးခဲ့ သည်။ မကွေးအသင်း ဂိုးရရှိနိုင်သည့် အခွင့်အရေးများ ရခဲ့သော်လည်း ဟိန်းဇာအောင်၏ အဝေးကန်ချက် တိုင်ထိထွက်ခဲ့ပြီး ဆယ်လာ၏ အပိုင်ကန်သွင်းမှုကိုလည်း ဇွဲကပင် ဂိုးသမားကာကွယ်နိုင်ခဲ့သည်။
မကွေးအသင်းမှာ ချေပဂိုးရရှိရေးအတွက် ဒုတိယပိုင်းတွင် တိုက်စစ်အားမြှင့်လာခဲ့ပြီး အောင်ရှိုးသာမောင် ဝင်လာပြီးနောက်ပိုင်းတွင် တိုက်စစ်ပိုကောင်းလာခဲ့သည်။ မိနစ် ၆ဝ တွင် အသင်းခေါင်းဆောင် စိုးမင်းနိုင်က ချေပဂိုးပြန်လည် သွင်းယူခဲ့ပြီး မကွေးအသင်းကို အမှတ် ပြည့်ရစေမည့် အနိုင်ဂိုးကို ၈၄ မိနစ်တွင် တိုက်စစ်မှူး ဆယ်လာက သွင်းယူပေးခဲ့သည်။ 

(မုံရွာကွင်း)
ဧရာဝတီ - နှစ်ဂိုး
(ရစ္စတီနှင့် နေလင်းထွန်း)
ဇေယျာရွှေမြေ - ဂိုးမရှိ

ပွဲစဉ်(၄)အပြီးတွင် ရန်ကုန်နှင့် ဧရာဝတီအသင်းတို့က ၁၂ မှတ်စီ၊ လက်ရှိချန်ပီယံ ရတနာပုံအသင်းက ၁ဝ မှတ်၊ ကမ္ဘောဇနှင့် မကွေးအသင်း တို့က ရှစ်မှတ်စီ ရရှိထားသည်။ သတင်းနှင့်ဓာတ်ပုံ- ရှိုင်းထက်ဇော်

No comments:

Post a Comment