ပင်လုံ ဖေဖော်ဝါရီ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)ပင်လုံမြို့၌ (၂၉)ကြိမ် မြောက် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော် ဝါရီ ၁ ရက် မွန်းလွဲ ၁ နာရီက ပင်လုံမြို့ မင်္ဂလာနောင်ကွတ် ကျောင်းမှ မင်္ဂလာမွေတော်ကျောင်းအထိ လမ်း တစ်လျှောက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အဆိုပါ မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ပင်လုံမြို့ပေါ်နှင့်အနီးပတ်ဝန်းကျင်ရွာများရှိ ဘုန်းကြီး ကျောင်းများနှင့် လွိုင်လင်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်း ၂၆ ကျောင်းမှ ပင့်သံဃာ ၁၆၆၅ ပါးတို့အား ဒေသခံပြည်သူ များက ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြောင်း သိရသည်။
မိုးလွင်ဦး(လွိုင်လင်)

No comments:
Post a Comment