Monday, February 2, 2015

ခရီးသည်အပြည့်နှင့် ဓာတ်ငွေ့ဖြည့်နေသည့်လိုင်းကားများ

Photo: ထင်သာ မြင်သာပြုပြင်စရာ

ခရီးသည်အပြည့်နှင့် ဓာတ်ငွေ့ဖြည့်နေသည့်လိုင်းကားများ 

ရန်ကုန်မြို့တွင် လိုင်းကားများသည်အများအားဖြင့်သဘာဝဓာတ် ငွေ့သုံးမော်တော်ယာဉ်များဖြစ်ကြကာ ယာဉ်လိုင်းအတွင်းဝင်ရောက် မောင်းနှင်နေစဉ်လမ်းခုလတ်၌ခရီး စဉ်မဖျက်ဘဲ  ခရီးသည်များအား ဆင်းခိုင်းကာ  ဓာတ်ငွေ့ဖြည့်တင်း မှုများမကြာခဏကြုံတွေ့ကြမှာဖြစ် ပြီး ဓာတ်ငွေ့ဖြည့်တင်းမှုမပြီးမချင်း အချိန်ကြာမြင့်စွာစောင့်ဆိုင်းကြရခြင်းကြောင့် သက်ကြီးရွယ်အိုများအတွက် အဆင်မပြေမှုများဖြစ်ကြပါသည်။

ထို့အပြင် ဖေဖော်ဝါရီ ၁ ရက်  နံနက်က  မင်္ဂလာဒုံမြို့နယ် ကျိုက္က လော့ဘုရားအနီး ဓာတ်ငွေ့အရောင်းဆိုင်တွင်ခရီးသည်အပြည့်နှင့်ဓာတ် ငွေ့ဖြည့်နေသည်ကိုတွေ့ရှိရပြီးခရီးသည်များ၏ အမှုမဲ့အမှတ်မဲ့ကြောင့် လည်းကောင်း၊ ယာဉ်၏အပူရှိန်ကြောင့် လည်းကောင်း မီးလောင်ပေါက်ကွဲမှုများဖြစ်ပေါ်နိုင်သောကြောင့် ထင်သာမြင်သာပြုပြင်စရာ အဖြစ်ရေးသားအပ်ပါသည်။ (၅၉၇)

ထင်သာ မြင်သာပြုပြင်စရာ
 
No comments:

Post a Comment