Wednesday, February 25, 2015

ရှမ်းပြည်နယ် (မြောက်ပွဲ) တိုက်ပွဲတွင် ကျဆုံးစစ်သည်များအတွက် အမျှဝေ



နေပြည်တော် ဖေဖော်ဝါရီ ၂၄

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက်၌ ဖေဖော်ဝါရီ ၂၃ ရက်က ပတ္တိ ဒါနကုသိုလ် ပျဉ်းမနားလူငယ်မောင်မယ်များဦးဆောင်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း) တိုက်ပွဲတွင် ကျဆုံးသွားသောစစ်သည် များအတွက် ရေစက်ချအမျှပေးဝေခဲ့ကြောင်း လူငယ်မောင်မယ်အဖွဲ့ဝင် ကိုကျော်စွာမင်းထံမှ သိရသည်။

အဆိုပါ ရေစက်ချအမျှပေးဝေပွဲတွင် မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက် ဦးစီးပဓာန ဆရာတော်ကြီး ဦးကဝိသာရထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ညနေ ၆ နာရီတွင် ဈေးကုန်းကျောင်းတိုက်အတွင်းရှိ ၁ဝ၈ ဆူ အောင်တော်မူဘုရားကြီးတွင် ဆီမီးများ ထွန်းလှူပူဇော်ကြမည်ဖြစ်ကြောင်း သိရသည်။
ကိုကြီးကျော်(ပျဉ်းမနား)

No comments:

Post a Comment