Wednesday, February 25, 2015

ရွေးကောက်ပွဲဆိုင်ရာ မီဒီယာလွတ်လပ်ခွင့်နှင့် နိုင်ငံတကာစံချိန်စံညွှန်းများအတွက် အလုပ်ရုံဆွေးနွေး

Photo: ရွေးကောက်ပွဲဆိုင်ရာ မီဒီယာလွတ်လပ်ခွင့်နှင့် နိုင်ငံတကာစံချိန်စံညွှန်းများအတွက် အလုပ်ရုံဆွေးနွေး

နေပြည်တော် ဖေဖော်ဝါရီ ၂၄

ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် မီဒီယာမှ အထောက်အကူပြုပေးနိုင်ရန် အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း(MJA)၊ Article 19  အဖွဲ့တို့  ပူးပေါင်းဆောင်ရွက်သည့် ရွေးကောက်ပွဲဆိုင်ရာ မီဒီယာလွတ်လပ် ခွင့်နှင့် နိုင်ငံတကာစံချိန်စံညွှန်းများ အတွက် အလုပ်ရုံဆွေးနွေးပွဲကို  ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် Article 19 မှDr. Pierre နှင့် Mr. Oliver Spencer  တို့က လွတ်လပ်၍တရား မျှတသော   ရွေးကောက်ပွဲများနှင့် စပ်လျဉ်းသည့် နိုင်ငံတကာစံချိန်စံနှုန်း များ၊ ရွေးကောက်ပွဲများနှင့် ပုံနှိပ် မီဒီယာ၊ ရုပ်သံမီဒီယာတို့၏ ဆက်စပ်မှု၊ ရွေးကောက်ပွဲသတင်းနှင့် မျက်မှောက် ရေးရာဆိုင်ရာ အစီအစဉ်တွင် တရား မျှတမှုနှင့် ဘက်မလိုက်မှု၊ မီဒီယာနှင့် တိုက်ရိုက်ထိတွေ့ခွင့်ရရှိမှု၊ မီဒီယာ သမားများလိုက်နာရမည့်  ကျင့်ဝတ် များ၊ အငြင်းပွားမှုဖြေရှင်းခြင်းနှင့် မီဒီယာ စောင့်ကြည့်မှုဆိုင်ရာ အခန်းကဏ္ဍများကို ရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက် တက်ရောက်လာကြ သူများက ရွေးကောက်ပွဲတွင် မီဒီယာ များအနေဖြင့် လိုက်နာရမည့်ကျင့်ဝတ် များ၊ သတင်းရေးသားထုတ်ပြန်ရေး ဆိုင်ရာအချက်များနှင့် ပတ်သက်၍ မေးမြန်းချက်များအပေါ် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း အတွင်းရေး မှူး (၂) ဦးကျော်စွာမင်းနှင့်  Article 19 မှDr.Pierre နှင့်Mr. Oliver Spencer တို့က ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

ယင်းနောက်   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ၂ဝ၁၅ ရွေးကောက်ပွဲကို အောက်တိုဘာလ ကုန်၊ နိုဝင်ဘာလဆန်းတွင် ကျင်းပ ပေးမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်ရေးအတွက်  နိုင်ငံရေး ပါတီများ၊  လူမှုအဖွဲ့အစည်းများ၊ မီဒီယာများ၊Observer များနှင့်        ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်သူလူထုသို့ အသိပညာပေးရာ တွင် မီဒီယာ၏အခန်းကဏ္ဍသည် အဓိက    အရေးကြီးပါကြောင်း၊ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပညာပေးလုပ်ငန်းများ၊   အချိန်နှင့် တစ်ပြေးညီဖြစ်ပေါ်နေသော သတင်း များအား ထုတ်ပြန်ပေးရန်လိုကြောင်း၊ ကော်မရှင်နှင့် မီဒီယာတို့ ပူးပေါင်း ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှု၊ ရိုးသားမှုနှင့် ယုံကြည်မှုသည် အရေး ကြီးပါကြောင်း၊   မီဒီယာအနေဖြင့် သတင်းများ ရေးသားဖော်ပြရာတွင် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲကင်းပြီး ဘက်လိုက်မှု မရှိဘဲ မှန်မှန်ကန်ကန် ဆောင်ရွက် ရန်လိုကြောင်း၊ မီဒီယာများအနေဖြင့် မှန်ကန်သောသတင်းများ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်နိုင်ရေးအတွက် ကော်မရှင်အဖွဲ့ခွဲ     အဆင့်ဆင့်နှင့် မီဒီယာတို့    နီးနီးကပ်ကပ်ပူးပေါင်း ဆောင်ရွက်သွားရန်    လိုကြောင်းဖြင့် ပြောကြားသည်။

အဆိုပါ  အလုပ်ရုံဆွေးနွေးပွဲသို့     ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူး၊  တိုင်းဒေသကြီး/       ပြည်နယ်  ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ ဥက္ကဋ္ဌနှင့် ရွေးကောက်ပွဲ အရာရှိများ၊ ကော်မရှင်ရုံးမှ တာဝန်ရှိ သူများ     တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။      

 (သတင်းစဉ်)

No comments:

Post a Comment