Wednesday, February 25, 2015

နိုင်ငံရေး၊ စီးပွားရေး ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများကြောင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်စီးဝင်လာ

Photo: နိုင်ငံရေး၊ စီးပွားရေး ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများကြောင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်စီးဝင်လာ

နေပြည်တော်     ဖေဖော်ဝါရီ      ၂၄

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်း အဝေး (၁၇)ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ ၁နာရီခွဲတွင် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂ဝ၁၄ခုနှစ်(ဧပြီလမှ စက်တင် ဘာလအထိ) ဆောင်ရွက်ခဲ့သော  လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးဇေယျာအောင်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် စုစုပေါင်းလုပ်ငန်း(၉၉)ခုကို  ရင်းနှီးမြှုပ်နှံမှုပမာဏကို အမေရိကန်ဒေါ်လာ (၃ ဒသမ ၅၈၄)ဘီလီယံခန့်ဖြင့် ဆောင်ရွက်ရန်ခွင့်ပြု ပေးခဲ့ပါကြောင်း၊ ဆောင်ရွက်ဆဲဖြစ်သော လုပ်ငန်း(၄)ခု၏  ရင်းနှီးမြှုပ်နှံမှု ပမာဏကို အမေရိကန်ဒေါ်လာ (၉၂ ‘သမ ၇၈၆)သန်း ထပ်မံတိုးမြှင့်ခွင့်ပြုပေး ခဲ့သဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၃ ဒသမ ၆၇၆)ဘီလီယံခန့်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွင် စုစုပေါင်းလုပ်ငန်း (၂၂)ခုကို ရင်းနှီး မြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ (၁၁၅ ဒသမ ၅ဝ၁)သန်း  အပါအဝင် ကျပ် (၅၈၃ ဒသမ ၄၄၁)ဘီလီယံခန့်ဖြင့် ဆောင်ရွက်ရန် ခွင့်ပြုခဲ့ပါကြောင်း၊ ဆောင်ရွက်ဆဲဖြစ်သော လုပ်ငန်း(၂)ခု၏ ရင်းနှီးမြှုပ်နှံမှုပမာဏကို အမေရိကန် ဒေါ်လာ(ဝ ဒသမ ၃၈)သန်း အပါအဝင် ကျပ်(၃ ဒသမ ၈၂၈)ဘီလီယံခန့် ထပ်မံတိုးမြှင့်ခွင့်ပြုခဲ့သဖြင့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏမှာ  အမေရိကန် ဒေါ်လာ(၁၁၅ ဒသမ ၈၈၁)သန်း        အပါအဝင် ကျပ် (၅၈၇ ဒသမ ၂၆၉) ဘီလီယံခန့် ဖြစ်ပါ ကြောင်း။
စိစစ်ခွင့်ပြုခဲ့သည့် လုပ်ငန်း (၂၂)ခုမှ အကျိုးအမြတ် အနေဖြင့် အခွန်အရပ်ရပ်နှင့် မြေငှားရမ်းခများအဖြစ် ပုံမှန်တစ်နှစ်အတွက် အမေရိကန်ဒေါ်လာ (ဝ ဒသမ ၈၉၆) သန်းနှင့် မြန်မာငွေကျပ် (၂ဝ ဒသမ ၂၃၅) ဘီလီယံ ခန့်ရရှိမည်ဖြစ်ပါကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အပေါ် သုံးသပ်ကြည့်မည်ဆိုပါက ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍသည် ၃၆ ဒသမ ၈၃ ရာခိုင်နှုန်းဖြင့် ပထမ၊ စွမ်းအင် ကဏ္ဍသည် ၂၁ ဒသမ ၉ဝ ရာခိုင်နှုန်းဖြင့် ဒုတိယနှင့် အိမ်ရာ အဆောက်အအုံတည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍသည် ၁၆ ဒသမ ၉၅ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင်လည်းကောင်း၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုများအပေါ် သုံးသပ်ကြည့်မည် ဆိုပါက အိမ်ရာအဆောက်အအုံတည်ဆောက်ဖွံ့ဖြိုးမှု ကဏ္ဍသည် ၇၉ ဒသမ ၇၅ ရာခိုင်နှုန်းဖြင့် ပထမ၊ ဆောက် လုပ်ရေးကဏ္ဍသည် ၉ ဒသမ ၂၉ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ စက်မှုကဏ္ဍသည် ၄ ဒသမ ၈၁ ရာခိုင်နှုန်းဖြင့် တတိယ နေရာတွင်လည်းကောင်း စိစစ်တွေ့ရှိရပါကြောင်း။

မြန်မာနိုင်ငံ၏ပြောင်းလဲလာသော နိုင်ငံရေး၊ စီးပွားရေး ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများကြောင့်   ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်သော ယူနိုက်တက်ကင်းဒမ်း၊ ပြင်သစ်၊ နယ်သာလန်နှင့် ဆွီဒင်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှု များ  ပြန်လည်စီးဝင်လာသည်ကို  တွေ့ရှိရပါကြောင်း၊ ယခင်က ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုနည်းပါးခဲ့သည့် စင်ကာပူ နိုင်ငံ၊ ယူနိုက်တက်ကင်းဒမ်း၊ ဗီယက်နမ်၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဟောင်ကောင်နှင့် အိန္ဒိယနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံ မှုများ များပြားလာခြင်း၊ ၁ဝ နှစ်ကျော်ကာလအထိ ရင်းနှီး မြှုပ်နှံမှုများ ရပ်တန့်နေခဲ့သည့် ကနေဒါ၊ နယ်သာလန်နှင့် လူဇင်ဘတ်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လာ ပါကြောင်းဖြင့် ရှင်းလင်းသည်။
ထို့နောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂ဝ၁၄ ခုနှစ် (ဧပြီလမှ စက်တင်ဘာလအထိ) ဆောင်ရွက် ခဲ့သော လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်းပြီး ရှင်းလင်း တင်ပြချက်ကို လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့သော တရုတ်ပို့ကုန်သွင်း ကုန်ဘဏ်(EXIM Bank of China)မှ အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ချေးယူခွင့်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည် ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက ရှင်းလင်းသည်။
ထိုသို့ရှင်းလင်းရာတွင်   သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးကျော်ဆန်းက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊  ပို့ကုန်သွင်းကုန်ဘဏ်ထံမှ  အမေရိကန် ဒေါ်လာသန်း ၃ဝဝ ချေးယူပြီး အသေးစားအရင်းအနှီး ချေးငွေထုတ်ပေးခြင်း၊ လယ်ယာသုံး၊ လုပ်ငန်းသုံးနှင့် ရေလုပ်ငန်းသုံးပစ္စည်းများ အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချပေးခြင်း၊ သမဝါယမအသင်းများအဆင့်မြှင့်တင် ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း။

မိမိတို့နိုင်ငံတွင် ကျေးရွာပေါင်း(၆၃၉၈၃) ရွာရှိပြီး အသေးစားအရင်းအနှီးချေးငွေလုပ်ငန်းသည် ကျေးရွာ ပေါင်း(၂၃၄၅၁)ကိုသာ လွှမ်းခြုံနိုင်သည့်အတွက် ကျန် ကျေးရွာပေါင်း(၄ဝ၄၄၂)ရွာအတွက် လိုအပ်နေပါကြောင်း၊ ယခုချေးပေးနေသည့်ပမာဏသည် တစ်အိမ်ထောင်လျှင် ပျမ်းမျှတစ်သိန်းခန့်သာ ချေးပေးနိုင်သည့်အတွက် အသေး စားအရင်းအနှီးချေးငွေလုပ်ငန်း၏ ရည်မှန်းချက်အောင်မြင် ရန် အားနည်းနေပါကြောင်း၊ ပြည်သူများ၏ လုပ်ငန်းများကို စိစစ်ပြီး တစ်အိမ်ထောင်လျှင် တစ်သိန်းမှ ငါးသိန်းခန့် အထိ တိုးမြှင့်ချေးနိုင်မှသာ ပိုမိုထိရောက်အောင်မြင်မည်ဟု ယူဆရပါကြောင်း။
တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာသန်း (၃ဝဝ)ကို အသေးစားနှင့်  အရင်းအနှီးချေးငွေမရရှိသေးသည့် အသင်းသားပြည်သူများသို့ ထုတ်ချေးရန်အတွက် ဒေါ်လာ သန်း ၂၂ဝ၊ ချေးငွေရရှိပြီးသူများအတွက် ချေးငွေကျပ် တစ်သိန်းမှ ငါးသိန်းအထိ တိုးမြှင့်ပေးရန်အတွက် ဒေါ်လာ သန်း ၅ဝ၊ ဈေးကွက်အတွင်းရှိ လယ်ယာသုံးပစ္စည်းများကို လယ်သမားများက ကြိုက်နှစ်သက်ဝယ်ယူမှုအပေါ် အရစ် ကျငွေချေစနစ်ဖြင့် ကြားခံဆောင်ရွက်ရန်အတွက် ဒေါ်လာ သန်း ၃ဝ နှင့်အထက် သုံးစွဲသွားရန်လျာထားပါကြောင်း။

ထို့သို့  အသေးစားအရင်းအနှီးချေးငွေလုပ်ငန်း၊ လယ်ယာသုံး၊ လုပ်ငန်းသုံး၊ ရေလုပ်ငန်းသုံး စက်ပစ္စည်း ကိရိယာများ အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချပေးခြင်း လုပ်ငန်း၊  သမဝါယမအသင်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတို့ကို တစ်နိုင်ငံလုံး ကျယ်ပြန့်ထိရောက်အောင် ဆောင်ရွက်လာနိုင်သည်နှင့်အမျှ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်မှု၊ ပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု၊ လယ်ယာထုတ်ကုန်တိုးပွားပြီး တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်မှုတို့ကို မလွဲမသွေရရှိလာမည်ဖြစ်ပါကြောင်း၊ ယင်းသို့ ရရှိလာသည်နှင့်အမျှ နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သည့် ၂ဝ၁၅ခုနှစ်တွင် ဆင်းရဲမှုကို ၂၆ ရာခိုင်နှုန်းမှ ၁၆ ရာခိုင် နှုန်းအထိ လျှော့ချနိုင်ရေး၊ ကုလသမဂ္ဂ၏ ထောင်စုနှစ် ရည်မှန်းချက်များ  အကောင်အထည်ဖော်နိုင်ရေးတို့ကို လည်း   များစွာအထောက်အကူပြုလာနိုင်မည်ဖြစ်ပါ ကြောင်းဖြင့် ရှင်းလင်းသည်။

(သတင်းစဉ်)

No comments:

Post a Comment