Monday, February 2, 2015

မြန်မာနိုင်ငံကလေးများနေ့ကို ကြိုဆိုသောအားဖြင့် ကလေးများအား လေ့လာရေးခရီးပို့ဆောင်

Photo: မြန်မာနိုင်ငံကလေးများနေ့ကို ကြိုဆိုသောအားဖြင့်
ကလေးများအား လေ့လာရေးခရီးပို့ဆောင်

မကွေး ဖေဖော်ဝါရီ ၁

 ဖေဖော် ဝါရီ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံကလေး များနေ့ကို   ကြိုဆိုသောအားဖြင့် မကွေးမြို့  လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသည့် မကွေးမြို့ ကလေး ပြုစုစောင့်ရှောက်ရေးဌာနသည် ကလေးငယ် ၂ဝ အား ပြင်ပဗဟုသုတ များ ရရှိစေရန် ရည်ရွယ်ပြီး ယနေ့ နံနက် ၇ နာရီမှစ၍ မကွေးမြို့ ဗိုလ်ချုပ်ပန်းခြံသို့ လည်း ကောင်း၊ မြသလွန်စေတီတော်သို့လည်းကောင်း ဆရာမများဦးဆောင်ပြီး    လေ့လာ ရေးခရီးပို့ဆောင်ပေးခဲ့သည်။

မကွေးမြို့   ဗိုလ်ချုပ်ပန်းခြံသို့ ပထမဦးစွာ ပို့ဆောင်ပေးပြီး ပန်းခြံ အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီး ရုပ်တုနှင့် မီးရထားစက်ခေါင်းများအား လှည့်လည်ပြသပြီး ကလေးငယ်များ အား ပျော်ရွှင်စွာ ကစားစေသည်။ ယင်းနောက် မြသလွန်စေတီတော်သို့ သွားရောက်ပြီး  မြသလွန်စေတီတော် ကြီးသမိုင်းကို  ရှင်းလင်းပြောကြား ပေးခဲ့ကြောင်း သိရသည်။ 

''ကလေးငယ်တွေက အများအား ဖြင့် မိဘမဲ့တွေနဲ့ စီးပွားရေးအဆင် မပြေလို့ ရောက်လာရတဲ့ ကလေးတွေ များတဲ့အတွက် ကျွန်မတို့က ဆရာမ အနေနဲ့သာမက  မိဘအဖြစ်နဲ့ပါ စောင့်ရှောက်ပေးတာပါ။ 

အခုလို ပြင်ပ လေ့လာရေးခရီးထွက်ရတဲ့အတွက် သူတို့လေးတွေ  စိတ်ဓာတ်ရေးရာ အရပါ ပျော်ရွှင်လန်းဆန်းစေပါတယ်''ဟု မကွေးမြို့ ကလေးပြုစုစောင့်ရှောက် ရေးဌာနမှ    ဆရာမတစ်ဦးက ပြောကြားသည်။   
   
 (ညီညီမောင်)

No comments:

Post a Comment