Tuesday, February 24, 2015

နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို သက်စွန့်ကြိုးပမ်းထမ်းရွက်နေသောတပ်မတော်သားများအား အလှူငွေပေးအပ်လှူဒါန်းပွဲကျင်းပ



နေပြည်တော် ဖေဖော်ဝါရီ ၂၃

နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို သက်စွန့်ကြိုးပမ်းထမ်းရွက်နေကြသော တပ်မတော်သားများအား ဂုဏ်ပြုသောအားဖြင့် အလှူငွေပေးအပ်လှူဒါန်းပွဲ ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမ၌ ကျင်းပရာ ရဲဘော်သုံးကျိပ်ဝင်များ၏မိသားစုများ၊ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ၊ တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ တပ်ရင်း၊ တပ်ဖွဲ့မှူးများ၊ စေတနာရှင်အလှူရှင်များနှင့် အရာရှိ၊ စစ်သည်မိသားစုများ တက်ရောက်ကြသည်။

ရှေးဦးစွာ ရဲဘော်သုံးကျိပ်ဝင်မိသားစုများ၊ ပြည်ထောင်စုဝန်ကြီးနှင့် စေတနာရှင်များက စုစုပေါင်းအလှူငွေကျပ် ၂၂ဝ၇၅၁၂ဝဝ နှင့် အမေရိကန် ဒေါ်လာ ၂၅ဝဝ၊ စင်ကာပူဒေါ်လာ ၃ဝဝ၊ ထိုင်းဘတ်ငွေ ၁ဝဝဝ နှင့် တန်ဖိုး ငွေကျပ် ၅၅၉၁၉၂ဝ ရှိသော ထောက်ပံ့ပစ္စည်းများ အသီးသီးပေးအပ် လှူဒါန်းရာ တိုင်းမှူးကလက်ခံရယူပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းမှူးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို သက်စွန့်ကြိုးပမ်းထမ်းရွက်နေကြသော တပ်မတော်သားများအား ဂုဏ်ပြုသောအားဖြင့် စေတနာရှင်အလှူရှင်များက ဖေဖော်ဝါရီ ၁၄ ရက်မှစ၍ ရန်ကုန်တိုင်းစစ်ဌာနချုပ်သို့ အလှူငွေများပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့အထိ လှူဒါန်းပြီး ငွေကျပ် ၇၅၄၆၅၅၇ဝဝ၊ အမေရိကန်ဒေါ်လာ ၅ဝဝ၁ ဒေါ်လာ၊ စင်ကာပူဒေါ်လာ ၃ဝဝ၊ ထိုင်းဘတ်ငွေ ၁ဝဝဝ၊ ပစ္စည်းတန်ဖိုးငွေကျပ် ၁၇၁၈၉၁၂ဝ ရှိသော ထောက်ပံ့ပစ္စည်းများ ဖြစ်ကြောင်း သိရသည်။

(မြဝတီ)

No comments:

Post a Comment