နေပြည်တော် ဖေဖော်ဝါရီ ၂၃
လောက်ကိုင်ဒေသ ကုန်းကြမ်းမြို့ရှိ တပ်မတော်စစ်ကြောင်းများ၊ နယ်မြေခံတပ်ရင်းဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ တိုက်ပွဲ ရှောင်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားသုံးရန်အတွက် အစားအစာ၊ ဆေးဝါးနှင့် လိုအပ်သော အခြားအသုံးအဆောင်ပစ္စည်းများအား ယနေ့နံနက်ပိုင်းတွင် တပ်မတော် ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သည်။
ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဘိန်းစိုက်ခင်းများ ချေမှုန်းဖျက်ဆီးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် ရှမ်းပြည်နယ် ကုန်းကြမ်းဒေသ၌ တာဝန်ထမ်းဆောင်နေသော ဂျပန် နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA)မှ Dr.Minoru Yashida နှင့် Mr. Akio Takahashi တို့သည် တိုက်ပွဲများအတွင်းပိတ်မိနေ၍ နယ်မြေခံ တပ်ရင်းဌာနချုပ်သို့ ရွှေ့ပြောင်းကယ်ဆယ်ထားရှိခဲ့သည်။
ယနေ့တွင် အဆိုပါ နိုင်ငံခြားသား နှစ်ဦးအား ကုန်းကြမ်းမြို့မှ လားရှိုးမြို့သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်လာကာ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်စိုးက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဧည့်ခန်းမ၌တွေ့ဆုံ၍ နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ အဖွဲ့များသို့ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ (မြဝတီ)

No comments:
Post a Comment