Monday, February 23, 2015

အလုပ်ရှင်၊ အလုပ်သမားများ ဥပဒေနှင့်အညီ လုပ်ကိုင် ဆောင်ရွက်မည်ဆိုလျှင် လုပ်ငန်းခွင်အေးချမ်းသာယာမည်ဖြစ်

Photo: အလုပ်ရှင်၊ အလုပ်သမားများ ဥပဒေနှင့်အညီ လုပ်ကိုင် ဆောင်ရွက်မည်ဆိုလျှင် လုပ်ငန်းခွင်အေးချမ်းသာယာမည်ဖြစ်

ရန်ကုန်     ဖေဖော်ဝါရီ     ၂၂

ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာ ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့ ဒုတိယအကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို ယနေ့ညနေ ၃ နာရီက ရန်ကုန်မြောက်ပိုင်း ခရိုင် အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

သတင်းစာရှင်းလင်းပွဲတွင် အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင် အောင်က အဖွင့်အမှာစကားပြောကြားရာတွင် ဖေဖော် ဝါရီ ၂ဝ ရက်က ပထမအကြိမ် စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ် ခဲ့ပြီး ယခုပြုလုပ်ခြင်းသည် ဒုတိယအကြိမ်ပြုလုပ်ခြင်းဖြစ်ပါ ကြောင်း၊  ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့သည် သမာသမတ်ရှိရှိ စေတနာ အပြည့်အဝထား၍ အောင်မြင်မှုရရှိအောင် ဆောင်ရွက်နေ ပါကြောင်း၊ ယခုအငြင်းပွားမှုဖြစ်ပွားနေသော စက်ရုံများမှ အလုပ်ရှင်များကို  ပြည်ထောင်စုဝန်ကြီးက ဖေဖော်ဝါရီ ၁၁ ရက်တွင်  စက်ရုံလေးရုံကို လည်းကောင်း၊ ဖေဖော် ဝါရီ ၂ဝ ရက်က စက်ရုံငါးရုံကို လည်းကောင်း ခေါ်ယူ တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၂ ရက်ထိ ဒုတိယဝန်ကြီးနှင့်အဖွဲ့တို့မှCostec အထည်ချုပ် စက်ရုံအလုပ်ရှင်နှင့် သုံးကြိမ်၊   အလုပ်သမားများနှင့် လေးကြိမ်ကိုလည်းကောင်း၊Ford Glory အထည်ချုပ် စက်ရုံအလုပ်ရှင်နှင့် သုံးကြိမ်၊  အလုပ်သမားများနှင့် လေးကြိမ်ကိုလည်းကောင်း၊ ကျောက်နီအထည်ချုပ်စက်ရုံအလုပ်ရှင်နှင့် တစ်ကြိမ်၊ အလုပ်သမားများနှင့် တစ်ကြိမ်၊Eland Myanmar အထည်ချုပ်စက်ရုံ  အလုပ်ရှင်နှင့် လေးကြိမ်၊ အလုပ်သမားများနှင့် လေးကြိမ်၊ တိုင်ရီ ဖိနပ် စက်ရုံအလုပ်ရှင်နှင့် 
သုံးကြိမ်၊ အလုပ်သမားများနှင့်  သုံး ကြိမ်တိုင်  တွေ့ဆုံညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ခဲ့ပါကြောင်း၊     ယခုလို ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းကြောင့် ဖေဖော်ဝါရီ ၂၁ ရက်က  တိုင်ရီဖိနပ် စက်ရုံသည် အလုပ်ရှင်/အလုပ်သမား သဘောတူညီမှုရရှိပြီး  စာချုပ်ချုပ်ဆို နိုင်ခဲ့ပါကြောင်း၊  ယနေ့တွင်Eland Myanmar   အထည်ချုပ်စက်ရုံ၊Costec  အထည်ချုပ်စက်ရုံတို့နှင့်Ford Glory အထည်ချုပ်စက်ရုံတို့ကို ရွှေပြည်သာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၌ အလုပ်သမားကိုယ်စားလှယ် ၁၅ ဦးအားခေါ်ယူ၍  အလုပ်ရှင်၏လိုက်လျောနိုင်မှုအခြေအနေများကို ချပြရှင်းလင်းခဲ့ပါကြောင်း၊ အလုပ်သမား များကို မိမိတို့၏  သားသမီးကဲ့သို့  သဘောထားပြီး ညှိနှိုင်းဆွေးနွေးပေးလျက်ရှိကြောင်း  ရှင်းလင်းပြောကြား သည်။

ရန်ကုန်တိုင်းဒေသကြီး   ရခိုင် တိုင်းရင်းသားရေးရာနှင့် အလုပ်သမား ဝန်ကြီး ဦးဇော်အေးမောင်က ရန်ကုန် တိုင်းဒေသကြီး  အလုပ်သမားရေးရာညှိနှိုင်းဆွေးနွေးရေးအဖွဲ့အနေဖြင့်  ၁၇ ရက်မှစ၍  ယနေ့အထိ လုပ်ဆောင် ချက်များကို အမှန်သိရှိအောင် စာနယ်ဇင်းသမားများက အပြုသဘော ဖော်ပြပေးဖို့ မေတ္တာရပ်ခံပါကြောင်း၊  ယခုလို ဆူပူမှုဖြစ်နေလျှင်  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို   အဟန့်အတား ဖြစ်စေနိုင်ကြောင်း၊  အစိုးရမှာသာ တာဝန်ရှိခြင်းမဟုတ်ဘဲ မီဒီယာများမှာ လည်းတာဝန်ရှိကြောင်း၊ သတင်းဖြန့်ချိ ရေးအတွက် မီဒီယာများက အရေးကြီး ကြောင်း၊ ကောင်းမွန်သည့်Message ရသည်ကို  ပြဿနာကြီးထွားအောင် ဖြစ်ပွားစေနိုင်သည့်  Message  ပေး ခြင်းမှာ   ကောင်းမွန်ခြင်းမဟုတ် ကြောင်း၊  ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာညှိနှိုင်းဆွေးနွေး ရေးအဖွဲ့က    မည်သို့ညှိပေးနေ ကြောင်း၊Win-Win  Situation   ဖြစ်အောင် ဆောင်ရွက်ပေးနေကြောင်း ကို အလုပ်ရှင်၊ အလုပ်သမားနှင့် ပြည်သူ တို့သိအောင်Message ပေးစေလို ကြောင်း၊ သတင်းမီဒီယာများက အကြံ ပြုခဲ့သည့်  မြန်မာနိုင်ငံတွင်  မြေဈေး ကြီးမှုအခြေအနေရှိကြောင်း၊ ဗီယက်နမ် မှာ မြေများလျော့ယူသလို လုပ်ပေး နိုင်လျှင် အလုပ်သမားများလုပ်ခပိုမို ပေးနိုင်ကြောင်း၊  ပစ္စည်းတင်သွင်းရာ တွင် အခွန်နှစ်ထပ်ဖြစ်နေခြင်းကိစ္စအား ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း၊ ပစ္စည်း တင်သွင်းရာတွင် အချိန်ကြာမြင့်ခြင်း ကို ဆက်လက်တင်ပြမည်ဖြစ်ကြောင်း၊ အလုပ်သမားပြဿနာများ  ဖြေရှင်း ပေးရန် ကောင်းမွန်သည့် အကြံဥာဏ်များ ပေးစေလိုကြောင်း၊  ပေါင်းစပ်ညှိနှိုင်း အဖြေရှာသွားမည်ဖြစ်ပါကြောင်းပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဝင်းက ပြောကြားရာတွင် ယခုဖွဲ့စည်းထားသောအလုပ်သမား ရေးရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့တွင် နယ်မြေရှိစက်ရုံများ၏ အငြင်းပွားမှု တို့ကို   ဖြေရှင်းရန်ပါဝင်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများဥပဒေနှင့် အညီလုပ်ကိုင်ဆောင်ရွက်မည်ဆိုလျှင် လုပ်ငန်းခွင် အေးချမ်းသာယာမည်ဖြစ် ကြောင်းပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းက   ပြောကြားရာတွင်      ၁၇-၂-၂ဝ၁၅ ရက်မှ ၂၂-၂-၂ဝ၁၅ ရက် အထိ ဥပဒေနှင့်အညီအလုပ်ရှင်နှင့် အလုပ်သမားအငြင်းပွားမှုကို လုပ်ကိုင် ဆောင်ရွက်နေပါကြောင်း၊ ရာခိုင်နှုန်း အတော်များများ အောင်မြင်နေပါ ကြောင်း၊ တည်ဆဲဥပဒေကိုလိုက်နာရ မည်၊ ကာကွယ်ရမည်ဖြစ်ပါကြောင်း၊ စာနယ်ဇင်းမီဒီယာများမှ အလုပ်သမား များကို တည်ဆဲဥပဒေအရလုပ်ကိုင်ပေး ရန် ပြောကြားပေးပါရန် မေတ္တာရပ်ခံကြောင်းပြောကြားခဲ့သည်။

အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန  ညွှန်ကြားရေး မှူးချုပ် ဦးဝင်းရှိန်က အလုပ်ရှင်၊ အလုပ် သမားအငြင်းပွားမှုဖြစ်ခဲ့လျှင် ပထမ ဦးစွာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ အဖွဲ့ဖြင့် ညှိနှိုင်းရခြင်း၊ ပြေလည်မှုမရရှိ ခဲ့လျှင်   မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့သို့ တက်ရောက်ရခြင်း ခုံသမာဓိ အဖွဲ့သို့ လည်းကောင်း၊  ခုံသမာဓိ ကောင်စီသို့လည်းကောင်း အဆင့်ဆင့် လျှောက်ထားရကြောင်း၊  လုပ်ငန်းခွင် အေးချမ်းရေး အလုပ်ရှင်၊ အလုပ်သမား နားလည်မှုရှိရန်လိုကြောင်း၊ အငြင်းပွား သော စက်ရုံများ၏ လုပ်ခလစာတိုးမြှင့် တောင်းခံမှုနှင့် ပတ်သက်၍ အလုပ်ရှင် များကို ရှင်းလင်းဆွေးနွေးပြီး အလုပ် ရှင်၏ လိုက်လျောမှုကို အလုပ်သမား များအား ယနေ့တွင် ရှင်းလင်းချပြခဲ့ပါ ကြောင်း၊  ဥပဒေနှင့်အညီ  ဖြေရှင်းပေး သွားမည်ဖြစ်ပါကြောင်း ပြောကြား သည်။

ဆက်လက်၍ တက်ရောက်လာသည့် သတင်းမီဒီယာများ၏ မေးမြန်းချက် များအား သက်ဆိုင်ရာများမှ ပြန်လည် ဖြေကြားခဲ့ပြီး  ဒုတိယဝန်ကြီး ဦးထင် အောင်က ယခုစာနယ်ဇင်းရှင်းလင်းပွဲ သည် ပြည်သူများ  ပြန်လည်သိရှိရန်နှင့် သံသယမရှိရန် ပြန်လည်ဖြေကြားပေး ခြင်းဖြစ်ပါကြောင်း၊ ယနေ့ပြောပြမှုကို နှစ်ဖက်  မျှတအောင်၊  ပြည်သူများ သိအောင် အပြုသဘောဖော်ပြပေးဖို့ မေတ္တာရပ်ခံပါကြောင်း၊ ပြေလည်မှုရရှိ အောင် ညှိနှိုင်းဆွေးနွေးပေးသော အလုပ်သမားရေးရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ဖြစ်ပါကြောင်း၊ အလုပ်သမား များအတွက် အားစိုက်ပြီး လုပ်ဆောင် နေပါကြောင်းနှင့် အလုပ်ရှင်၊ အလုပ် သမားအကြားတွင် အလုပ်သမားများ၏ တောင်းဆိုချက်များကို အလုပ်ရှင်များ ထံမှ လိုက်လျောနိုင်မှုများကို ခက်ခက် ခဲခဲရယူပြီး ၂၂-၂-၂ဝ၁၅ ရက်တွင်Eland Myanmar အထည်ချုပ်စက်ရုံ၊Costec   အထည်ချုပ်စက်ရုံနှင့်Ford Glory အထည်ချုပ်စက်ရုံတို့မှ အလုပ် သမားများကို ချပြရှင်းလင်းခဲ့ပါကြောင်း၊ အပြုသဘောဆောင်သည့် ညှိနှိုင်းရေး ကို ဦးတည်ဆောင်ရွက်နေမှုအား         ရှင်းလင်းပြောကြားခဲ့ကြောင်းသတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment