ကမ္ဘာ့တင်းနစ်လောကမှာ ဗြိတိသျှတင်းနစ်ကစားသမား အင်ဒီမာရေး ဟာလည်း
အောင်မြင်နေတဲ့တင်းနစ်အကျော်တစ်ဦးဖြစ်ပါတယ်။ ယခုအခါ မှာတော့ အင်ဒီမာရေးဟာ
ကမ္ဘာကျော် ရာဖေးနာဒယ်ကိုကျော်ပြီး တတိယနေ ရာသို့ တက်ရောက်သွားပြီဖြစ်ပါတယ်။
အသက် ၂၇ နှစ်အရွယ် စကော့လူမျိုး မာရေးဟာ ၂ဝ၁၃ ခုနှစ်က
ဝင်ဘယ်ဒန်ဖလားပြိုင်ပွဲမှာ ဆားဘီးယားတင်းနစ် အကျော် ဂျိုကိုဗစ်ကို
အနိုင်ရခဲ့တဲ့ပွဲအပြီး ကမ္ဘာ့အဆင့်နှစ်ထိ တက်ရောက် နိုင်ခဲ့သူပါ။
သူ့ရဲ့တင်းနစ်ဘဝသက်တမ်းတစ်လျှောက်မှာတော့ အမြင့်ဆုံးနေရာ သို့
ရောက်ရှိခဲ့ခြင်းပါ။ သို့ပေမယ့် ကျောဒဏ်ရာကြောင့် သုံးလကြာ တင်းနစ် လောကနဲ့
အဆက်ပြတ်နေတဲ့အတွက် ၂ဝ၁၄ ခုနှစ် စက်တင်ဘာလအတွင်းမှာ ကမ္ဘာ့အဆင့် ၁၂ အထိ
ကျဆင်းသွားခဲ့ရပါတယ်။ မာရေးဟာ ယခုသီတင်းပတ် ထဲမှာ ဒူဘိုင်းလ်မှာ
ဂျိုကိုဗစ်၊ ရော်ဂျာဖက်ဒဲရားတို့နဲ့အတူ ကစားဖို့ရှိပါတယ်။ သူဟာ
ပြီးခဲ့တဲ့သီတင်းပတ်မှာ ရော့တာဒန်ကွာတားဖိုင်နယ်အထိ တက်ရောက်
နိုင်ခဲ့ပါတယ်။ အခုနှစ်ထဲမှာ သြစတြေးလျအိုးပင်း ဖိုင်နယ်အထိတက်ရောက်
နိုင်ပြီး ဂျိုကိုဗစ်ကို ရှုံးနိမ့်ခဲ့ပါတယ်။ ၁၂ နှစ်ကြာ
ကွင်းမှာဘုရင်ဖြစ်ခဲ့တဲ့ နာဒယ်ဟာ ရီယိုအိုးပင်းမှာတော့ ဆီမီးအဆင့်နဲ့ပဲ
ကျေနပ်ခဲ့ရပါတယ်။
ကောင်းမြတ်သူ-စုစည်းသည်
ကောင်းမြတ်သူ-စုစည်းသည်
No comments:
Post a Comment