အပူပိုင်းနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ကာတာနိုင်ငံမှာ ၂ဝ၂၂ ကမ္ဘာ့ဖလား
ဘောလုံးပွဲကျင်းပတဲ့အခါ ကစား သမားတွေအားလုံးနဲ့ အဆင်ပြေနိုင်
တဲ့အချိန်ကိုရွေးချယ်ဖို့ အခက်အခဲ တွေနဲ့ရင်ဆိုင်နေကြရပါတယ်။ ကမ္ဘာ့
ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) အထူး လုပ်ငန်းအဖွဲ့ အကြီးအကဲကတော့ ကာတာကမ္ဘာ့ဖလား
ဘောလုံးပြိုင်ပွဲ ကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း မှာသာ
ဖြစ်နိုင်တယ်လို့ပြောဆိုလိုက် ပါတယ်။ ဖီဖာအထူးလုပ်ငန်းအဖွဲ့ အကြီးအကဲ
ရှိုတ်ဆဲလ်မန်းဘင်
အီဘရာဟင်အယ်လ်ခါလီဖာကတော့ မေလမှာ ကျင်းပဖို့ငြင်းဆိုလိုက်ပါ တယ်။
မေလထဲမှာ ကျင်းပဖို့မဖြစ် နိုင်တဲ့ အနေအထားပါပဲ။ ဥရောပ
လိဂ်ပြိုင်ပွဲတွေနဲ့ ကလပ်တွေကို ဦးစား ပေးရမှာဖြစ်တဲ့အတွက်ကြောင့်လည်း
ဒီပြိုင်ပွဲကျင်းပမယ့် အချိန်ကိုဝေခွဲရ ခက်ခဲနေတဲ့ အနေအထားရှိပါတယ်။
ကာတာနိုင်ငံက ဒီကမ္ဘာ့ဖလားပွဲကို နွေရာသီမှာ ကျင်းပသွားဖို့ တင်ပြထား
ပေမယ့် ပင်လယ်ကွေ့နိုင်ငံရဲ့ အပူ ချိန်ဟာ ဘောလုံးသမားတွေရဲ့ ကျန်း မာရေးကို
ထိခိုက်နိုင်တယ်လို့ ဆိုပါ တယ်။ ဒီပြိုင်ပွဲကို ဇန်နဝါရီနဲ့ ဖေဖော်
ဝါရီမှာ ကျင်းပခဲ့ရင်လည်း ၂ဝ၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲနဲ့ တိုက်
ဆိုင်နေပြန်ပါတယ်။
ကာတာနိုင်ငံကတော့ ကစား ကွင်းတွေမှာ လေအေးပေးစက်ကြီး တွေ
ပန်ကာဇုန်တွေထားရှိသွား မယ်လို့ တင်ပြထားပါတယ်။ သို့ပေ မယ့်
ဘယ်အချိန်ကျင်းပမယ်ဆိုတာ မသိရသေးပေမယ့် နိုဝင်ဘာနဲ့ ဒီဇင် ဘာလဟာ
အကောင်းဆုံးပဲလို့ ပြောဆိုလျက်ရှိပါတယ်။
ကောင်းမြတ်သူ-စုစည်းသည်
ကောင်းမြတ်သူ-စုစည်းသည်
No comments:
Post a Comment