Wednesday, February 25, 2015

ကာကွယ်ရေးတာဝန်များ သက်စွန့်ကြိုးပမ်း ထမ်းရွက် ကြသော တပ်မတော်သားများအား အလှူငွေ ပေးအပ်

Photo: ကာကွယ်ရေးတာဝန်များ သက်စွန့်ကြိုးပမ်း ထမ်းရွက်
ကြသော တပ်မတော်သားများအား အလှူငွေ ပေးအပ် 

မုံရွာ၊ ဖေဖော်ဝါရီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးသာအေး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသင်းလှိုင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မင်းနောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၁၈ ရက်ညနေပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဇေယျာသီရိခန်းမတွင် ပြုလုပ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို သက်စွန့်ကြိုးပမ်း ထမ်းရွက်နေကြသော တပ်မတော်သားများအား အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
 
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုလှူဒါန်းငွေကျပ်သိန်း ၅ဝ နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့်ဇနီး ဒေါ်ဝေဝေခိုင် အေးရိပ်ဝေမိသားစုမှ လှူဒါန်းသော အလှူငွေကျပ် ၁ဝ သိန်းတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးမှလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံးမှ လှူဒါန်းငွေနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၉၈ ဦးတို့မှ ၎င်းတို့၏  တစ်နှစ်တာနေ့တွက်စရိတ် များအားလှူဒါန်းရာ  စုစုပေါင်းငွေ ကျပ် ၁၄ သိန်းရှစ်သောင်းတို့အား တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသင်းလှိုင်ကလှူဒါန်းခဲ့သည်။ 

ယင်းနေ့က ရဟန်းသံဃာတော်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာရှင်အလှူရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့များနှင့် တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှလည်းအသီးသီး လှူဒါန်းခဲ့ကြသည်။

ယင်းသို့လှူဒါန်းသည့် လှူဒါန်းငွေစုစုပေါင်းငွေကျပ် ၁၁ဝ၅၉၉၅ဝဝ နှင့်  ငွေကျပ် ၇၂ဝ၈ဝဝဝ တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းကြရာ တပ်မတော်သားများကိုယ်စား တိုင်းမှူးဗိုလ်ချုပ်မင်းနောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ 

ယင်းနောက် တပ်မတော်သားများကိုယ်စား အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မင်းနောင်က စေတနာရှင်၊ အလှူရှင်များအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ 

အလှူငွေပေးအပ်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်ဒေသ၌ စွန့်လွှတ်စွန့်စားစိတ်ဓာတ်ဖြင့် တိုင်းပြည်အတွက် အသက်နှင့်ခန္ဓာပေးလှူခဲ့ကြသော တပ်မတော်သားများ၏ ကျန်ရစ်သူ မိသားစုဝင်များအတွက် ငွေကျပ်သိန်း ၁ဝဝ လှူဒါန်းခဲ့သည်။ 

လောက်ကိုင်ဒေသတွင် တာဝန်ထမ်းဆောင်နေသော ရှေ့တန်းရောက် တပ်မတော်သားများ၊ ဒဏ်ရာရ အရာရှိစစ်သည်များနှင့် မိသားစုဝင်များအတွက် အလှူငွေကျပ် ၁ဝဝ၅၉၉၅ဝဝ နှင့် ငွေကျပ်  ၇၂ဝ၈ဝဝဝ  တန်ဖိုးရှိ ဆန်အိတ် ၂ဝဝ၊ ငါးခြောက်ပိဿာ ၄ဝ၊ ကြာဆံထုပ် ၁ဝ နှင့် မုန့်ဟင်းခါးခြောက် အထုပ် ၂၅ဝဝ ထုပ်၊ ကုလားပဲ ပိဿာ ၆ဝ တို့အား လှူဒါန်းခဲ့ကြကြောင်း သိရသည်။     (ပြန်/ဆက်)

No comments:

Post a Comment