Saturday, February 28, 2015

စပါးက စာချုပ်လိုတဲ့ မိုနာကို နောက်ခံလူ အဒမ်နိုယာ



မိုနာကိုအသင်းရဲ့ ခံစစ်မှူး အဒမ် နိုယာဟာ ယခုနှစ်ရာသီမှာ နေရာမရ ဖြစ်နေပါတယ်။ ပြင်သစ်ပထမတန်း ကလပ် မိုနာကိုနောက်ခံလူ အဒမ်နို ယာကို စိတ်ဝင်စားနေတဲ့ ကလပ်တွေ ထဲမှာ စပါးလည်းပါဝင်ပါတယ်။ စပါး အသင်းဟာ နောက်တန်းခံစစ်အား ကောင်းဖို့ ကစားသမားကောင်း တစ်ဦး အလိုရှိနေပါတယ်။
စပါးကတော့ အဒမ်နိုယာကို ခေါ်ယူဖို့ အတော်စိတ်ဝင်စားနေတယ် လို့ ဆိုပါတယ်။ တူနီးရှားနိုင်ငံသား အဒမ်နိုယာကို ပေါင် ၅သန်းနဲ့ ခေါ်ယူ ဖို့ နွေရာသီက ကမ်းလှမ်းဆက်သွယ် မှုတွေ ပြုလုပ်ထားတယ်လို့ ဆိုပါ တယ်။ အသက် ၂၅ နှစ်ရှိတဲ့ အဒမ် နိုယာဟာ ခံစစ်မှူးကောင်းတစ်ဦးဖြစ် တဲ့အတွက် စပါးက နွေရာသီမှာ အရ ခေါ်ယူမယ့် အနေအထားရှိပါတယ်။ စပါးကခေါ်ယူဖို့ စိတ်ဝင်စားနေတာ ကိုတော့ လေးစားပါတယ်။ ဒါပေမယ့် မိုနာကိုမှာပဲ ပျော်ပါတယ်လို့ သူကဆို ပါတယ်။

မိုနာကိုမှာ နေရာမရဖြစ် နေမယ်ဆိုရင်တော့ စပါးကိုပြောင်း ဖို့စဉ်းစားရပါလိမ့်မယ်လို့ သူကဆို ပါတယ်။ အဒမ်နိုယာဟာ ယခုနှစ် ရာသီအတွင်း မိုနာကိုအသင်းအတွက် ချန်ပီယံလိဂ် ဂိုးတစ်ဂိုးသွင်းယူထား ပါတယ်။ ဒါပေမယ့် ပုံမှန်ပွဲထွက်ကစား ခွင့်မရခဲ့ပါဘူး။ ယခုနှစ် ရာသီ အတွင်း ပြင်သစ်လိဂ်မှာ ကိုးပွဲသာ ကစားခဲ့ ရတယ်လို့ ဆိုပါတယ်။
ကောင်းမြတ်သူ-စုစည်းသည်

No comments:

Post a Comment