မြန်အောင် ဖေဖော်ဝါရီ ၂၅
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ဗုဒ္ဓစွယ် တော်ပွားကို
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် များမှ ရဟန်းရှင်လူပြည်သူများ
ကြည်ညိုဖူးမြော်နိုင်ကြရန် ဒေသစာရီလှည့်လည် အပူဇော်ခံလျက်ရှိရာ မြန်အောင်
မြို့နယ်သို့ ဖေဖော်ဝါရီ ၂၁ ရက်က ရောက်ရှိလာကြောင်း သိရသည်။
ထူးကြီးမြို့မှ မြန်အောင်မြို့နယ်သို့ ရောက်ရှိလာခြင်း ဖြစ်ပြီး ဗုဒ္ဓစွယ်တော်အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်း မင်းထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းဆွေနှင့် မြန်အောင်မြို့သူ မြို့သားများက စည်ကားသိုက်မြိုက်စွာ ကြိုဆိုပင့်ဆောင်ပူဇော်ကြသည်။ ဗုဒ္ဓစွယ်တော်ကို မြန်အောင်မြို့နယ် အင်ပင်မြို့ အင်ပင် မြို့မလမ်း အပူဇော်ခံမဏ္ဍပ်၌ တစ်ညတာကိန်းဝပ်စံပယ်၍ အပူဇော်ခံထားရှိပြီး ဖေဖော်ဝါရီ ၂၂ ရက်တွင် မြန်အောင် မြို့သို့ ဆက်လက်လှည့်လည်အပူဇော်ခံ ရောက်ရှိလာရာ လမ်းတစ်လျှောက် ကျေးရွာအုပ်စုများမှ ရဟန်းရှင်လူ ပြည်သူများ စည်ကားသိုက်မြိုက်စွာ ဖူးမြော်ကြည်ညို လှူဒါန်းကြသည်။
ဗုဒ္ဓစွယ်တော်မြတ်သည် မြန်အောင်မြို့တွင်း လှည့်လည် အပူဇော်ခံပြီး ပြည်သူ့ရင်ပြင်တွင် တစ်ညတာကိန်းဝပ် စံပယ်ခဲ့ကာ ဖေဖော်ဝါရီ ၂၃ ရက်တွင် မြို့နယ်သံဃ နာယကဆရာတော်များက ဘုရားအနေကဇာတင် ပူဇော် ကြသည်။ ထို့နောက် မြန်အောင်မြို့မ နေခြည်ဈေးရှေ့၌ အပူဇော်ခံထားရှိခဲ့ပြီး ကြံခင်းမြို့သို့ဆက်လက်၍ ဒေသ စာရီလှည့်လည်အပူဇော်ခံကြောင်း သိရသည်။
ဗုဒ္ဓစွယ်တော်မြတ်သည် ပုသိမ်မြို့ရွှေမုဋ္ဌောမဟာ စေတီတော်မြတ်ကြီးကုန်းတော်ရှိ ဂန္ဓကုဋိတိုက်တော်မှ ဒေသစာရီ ကြွချီတော်မူလာခြင်းဖြစ်ကာ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များသို့ ဆက်လက်လှည့်လည် အပူဇော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဗိုလ်

No comments:
Post a Comment