Thursday, February 26, 2015

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ဆွေးနွေး



မန္တလေး ဖေဖော်ဝါရီ ၂၅

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ (အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား) သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို အလုပ်သမား ညွှန်ကြား ရေးဦးစီးဌာန (မြို့နယ်ရုံး) ပြည်ကြီး တံခွန်မြို့နယ်ရုံး အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၂၃ ရက်က ကျင်းပရာ ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင် ကိုယ်စားလှယ် ၂၄ ဦး၊ အလုပ်သမား ကိုယ်စားလှယ် ၂၃ ဦးတို့ တက်ရောက် ခဲ့ကြပြီး ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားကာ အလုပ် သမား ညွှန်ကြားရေးဦးစီးဌာန (မြို့နယ်ရုံး)ပြည်ကြီးတံခွန်မြို့နယ်မှ ဦးစီးအရာရှိက အနည်းဆုံး အခ ကြေးငွေသတ်မှတ်နိုင်ရေးနှင့် စပ်လျဉ်း ၍ ဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ တက် ရောက်လာကြသည့် အစိုးရဌာန ကိုယ်စားလှယ်များ၊ အလုပ်ရှင် ကိုယ်စားလှယ်များနှင့် အလုပ်သမား ကိုယ်စားလှယ်များကလည်း အနည်း ဆုံး အခကြေးငွေသတ်မှတ်နိုင်ရေး အတွက် လက်ရှိရရှိနေသော လုပ်အားခအခြေအနေများ၊ နေထိုင် စားသောက်မှု အခြေအနေများနှင့် လက်ရှိ ကုန်ဈေးနှုန်းတိုးမြင့်နေမှု များကြောင့် ကြုံတွေ့နေရသည့် အခက်အခဲများ၊ အခွန်အခများ တိုးမြင့်လာခြင်းကြောင့် ကြုံတွေ့ နေရသည့် အခက်အခဲများကို အပြန် အလှန်ဆွေးနွေးကြသည်။

သုံးပွင့်ဆိုင်ဆွေးနွေးပွဲ တက် ရောက်လာသည့် ကိုယ်စားလှယ်များ ထံမှ သတ်မှတ်သင့်သည့် အနည်းဆုံး အခကြေးငွေ နှုန်းထားများနှင့် အကြံပြုချက်များ တောင်းခံထားပြီး ၄င်းအကြံပြုချက်များကို အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ တိုင်းဒေသကြီး လုပ်ငန်းကော်မတီ ထံသို့ ဆက်လက်တင်ပြသွားမည် ဖြစ် ကြောင်း သိရသည်။
တင်မောင် (မန္တလေးကိုယ်ပွား)

No comments:

Post a Comment