Monday, February 2, 2015

မွန်အမျိုးသားနေ့အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲ ဆုချီးမြှင့်

Photo: မွန်အမျိုးသားနေ့အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲ ဆုချီးမြှင့်

မော်လမြိုင်   ဖေဖော်ဝါရီ   ၁

(၆၈)ကြိမ်မြောက် မွန်အမျိုးသားနေ့  အထိမ်း အမှတ်လှေလှော်ပြိုင်ပွဲကို ဇန်နဝါရီ ၃၁ ရက်  နံနက် ၁၁ နာရီက မွန်ပြည်နယ် ရေးမြို့  သမိုင်းဝင်ရှေးဟောင်း     မြကန်သာကျုံးတော်ကြီး၌  စည်ကားသိုက်မြိုက်စွာ   ကျင်းပခဲ့ကြောင်း သိရသည်။    အဆိုပါမြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲတွင်     ပြိုင်ပွဲဝင်အသင်း ၁၅ သင်း ယှဉ်ပြိုင်ကြသည့်အနက်  ဝဲရက်ကျေးရွာအသင်းနှင့်     အောင်မေတ္တာရပ်ကွက်အသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်    လှော်ခတ်ရာတွင်   အောင်မေတ္တာရပ်ကွက်အသင်းက      နှစ်ပွဲပြတ်အနိုင်ရဗိုလ်စွဲသွားခဲ့သည်။

ဆက်လက်၍ ဆုပေးပွဲကျင်းပရာ မြို့နယ်ရဲမှူး မြင့်သော်က စတုတ္တဆုရသော  ကျောက်မိချောင်းကျေးရွာ အသင်းနှင့် အားကစားသမားများအားလည်းကောင်း၊      မွန်အမျိုးသားနေ့ဗဟိုကျင်းပရေးကော်မတီဒုတိယဥက္ကဋ္ဌ နိုင်ကျော်စိုးက တတိယဆုရရှိသော   အောင်မင်္ဂလာ ရပ်ကွက်အသင်းနှင့်   အားကစားသမားများအား ဒိုင်းဖလားကို လည်းကောင်း၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်နိုင်က ဒုတိယဆုရရှိသော  ဝဲရက်ကျေးရွာ အသင်းနှင့် အားကစားသမားများအား    ဒိုင်းဖလားကို လည်းကောင်း၊ အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှု       ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး လင်းထွဋ်စိုးက ပထမဆု ရရှိသော အောင်မေတ္တာရပ်ကွက်အသင်းနှင့် အားကစား သမားများအား   လည်းကောင်း ဒိုင်းဖလားနှင့်အတူ   ဆုများချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။  
                 
 ထွဋ်ထွဋ်(ရေး)

No comments:

Post a Comment