Friday, February 27, 2015

ဒီဂီယာ မန်ယူမှာ ဆက်ရှိနိုင်ပါ့မလား



မန်ယူဂိုးသမား ဒေးဗစ်ဒီဂီ ယာဟာ လက်ရှိအခြေအနေမှာ တော့ ပထမဂိုးသမားနေရာရထားတာ ကြောင့် အသင်းမှာ ဆက်လက်တည် မြဲဖို့ အလားအလာရှိနေပါတယ်။ ဒါပေမယ့်လည်း လက်ရှိစာချုပ်ဟာ လာမယ့်ရာသီကုန်မှာ အဆုံးသတ် တော့မှာ ဖြစ်ပါတယ်။ လက်ရှိစာချုပ် အရ အိုးထရက်ဖို့ဒ်မှာ ၁၈ လ မပြည့် မီမှာပင် ထွက်ခွာသွားရတော့မယ့် အခြေအနေရှိနေပါတယ်။ သူ့ရဲ့ စာချုပ်သက်တမ်းမကုန်မီ ရီးရဲမက် ဒရစ်နည်းပြ အန်ဆယ်လော့တီက လည်းခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ 

ရီးရဲမက်ဒရစ်အသင်းရဲ့ လက်ရှိ ဂိုးသမား ကာဆီးလက်နဲ့ နဗတ်တို့ အဆင်ပြေမှုရှိနေပေမယ့် မန်ယူရဲ့ လက်ရှိဂိုးသမားဒီဂီယာကို ထပ်မံ စာချုပ်နိုင်ခြင်းမရှိဘူးဆိုရင် အရ ခေါ်ယူတော့မယ့်အနေအထား ရှိပါ တယ်။ သို့ပေမယ့် အသက် ၂၄ နှစ် အရွယ်သာရှိသေးတဲ့ ဒီဂီယာကို မန်ယူကစာချုပ်သစ်ချုပ်ဆိုဖို့ အတော် လေးနီးစပ်သွားပြီလို့ သိရပါတယ်။ မန်ယူရဲ့ ဂန္တဝင်ဂိုးသမားကြီး ပီတာရှ မိုက်ကယ်ကလည်း ဒီဂီယာကို နှစ်ရှည်စာချုပ်သင့်ပြီလို့ မန်ယူကို တိုက်တွန်းလိုက်ပါတယ်။ ဒီဂီယာ ဟာ လက်ရှိအခြေအနေမှာတော့ မန်ယူနဲ့ ဆက်လက်တည်မြဲဖို့ သေချာ နေတဲ့ အနေအထားရှိပါတယ်။
ကောင်းမြတ်သူ-စုစည်းသည်

No comments:

Post a Comment