Friday, February 27, 2015

ရခိုင်ပြည်နယ်အတွင်းရှိ တရားရုံးများသို့ ပြည်နယ်တရားသူကြီးချုပ် ကွင်းဆင်းစစ်ဆေး





စစ်တွေ ဖေဖော်ဝါရီ ၂၆

ရခိုင်ပြည်နယ်အတွင်း တရား ဥပဒေစိုးမိုးရေးနှင့် မှုခင်းလျော့နည်း ကျဆင်းရေးတို့အတွက် အမ်းမြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် သံတွဲခရိုင် တရားရုံး၊ သံတွဲအကျဉ်းထောင်နှင့် သံတွဲမြို့မရဲစခန်းများကို ရခိုင် ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ် ဦးကျောက်က လှည့် လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

တရားသူကြီးချုပ်သည် ဖေဖော် ဝါရီ ၁၉ ရက်တွင် အမ်းမြို့နယ် တရား ရုံးအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်း များနှင့်တွေ့ဆုံကာ တရားရုံး အဆောက်အအုံသစ် ရေရှည်တည် တံ့ခိုင်မြဲရေး၊ ပန်းအလှပင်များ၊ အရိပ်ရပင်များ၊ စိုက်ပျိုးရေးနှင့် ရုံး လုပ်ငန်းများ စနစ်တကျရှိစေရေး၊ သက်သေခံပစ္စည်းများ ပျက်စီးဆုံးရှုံး မှုမရှိစေရေးတို့ကို မှာကြားခဲ့သည်။

ထို့နောက် တောင်ကုတ်မြို့သို့သွား ရောက်ပြီး တောင်ကုတ်မြို့နယ်တရား ရုံး၌ တရားသူကြီးများ၊ ဥပဒေအရာရှိ များ၊ ရဲအရာရှိများနှင့်တွေ့ဆုံကာ မှုခင်းများလျော့နည်းကျဆင်းစေရေးအတွက် အများပြည်သူများအား ဥပဒေ အသိပညာပေးခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်၊ အများပြည်သူယုံကြည်အားကိုးသော တရားရုံးများ ဖြစ်စေရေးအတွက် အလေးထား ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ တရားသူကြီးချုပ် သည် ဖေဖော်ဝါရီ ၂၂ ရက်တွင် သံတွဲမြို့သို့ သွားရောက်ပြီး ပြည်ထောင်စုတရားသူကြီးချုပ်၏ မှာကြားချက်များကို သံတွဲခရိုင် အတွင်းရှိ တရားသူကြီးများ၊ တရားရေးအရာရှိများအား ခရိုင် တရားရုံး၌ ရှင်းလင်းပြောကြား ခဲ့သည်။ ဖေဖော်ဝါရီ ၂၃ ရက်တွင် သံတွဲအကျဉ်းထောင်နှင့် သံတွဲမြို့မ ရဲစခန်းများသို့ ကြည့်ရှုစစ်ဆေးခဲ့ သည်။
(ပြည်နယ် ပြန်/ဆက်)

No comments:

Post a Comment