နည်းပြဗန်ဟားလ်အနေနဲ့ မန်ယူ ကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစား နေတဲ့သူပါ။
နည်းပြ ဖာဂူဆန် မရှိတဲ့ နောက် မန်ယူဟာလည်း အောင်မြင် မှုများ
တဖြည်းဖြည်းကျဆင်းခဲ့ရပါ တယ်။ အသင်းရဲ့ ပုံမှန်ခြေစွမ်းပြန်ရ ဖို့
ကြိုးစားရုန်းကန်နေရဆဲပါ။
မန်ယူကို တောင့်တင်းခိုင်မာ တဲ့အသင်းကောင်းဖြစ်စေဖို့ ကစား
သမားကောင်းတွေ ခေါ်ယူပြီး ကစားကွက် ပြောင်းကစားခဲ့ပေမယ့် ထင်သလောက်
အောင်မြင်မှုမရဘဲ ဖြစ်နေပါတယ်။ မန်ယူအသင်းအနေ နဲ့ ရာသီကုန်ချိန်မှာ
ချန်ပီယံလိဂ်ဝင် ခွင့် နေရာမရခဲ့ဘူးဆိုရင် နည်းပြ ဗန်ဟားလ်ကို
အလုပ်ဖြုတ်ပစ်နိုင် ပါတယ်။ ရာသီကုန်ချိန်မှာ နံပါတ် (၄)
နေရာမတက်နိုင်ခဲ့ဘူးဆိုရင်တော့ ဗန် ဟားလ်ကို မန်ယူက အလုပ်ဖြုတ်နိုင် ပါတယ်။
သို့ပေမယ့် ဂယ်ရီနဗီးလ်က တော့ဗန်ဟားလ်ကိုမန်ယူက အလုပ် မဖြုတ်သင့်ဘူးလို့
ပြောဆိုလိုက်ပါ တယ်။ မန်ယူအသင်းအနေနဲ့ နံပါတ် (၄) နေရာမရသည့်တိုင်အောင်
ဗန် ဟားလ်ကိုအလုပ်မှ မထုတ်သင့်ဘူး လို့ ဂယ်ရီနဗီးလ်က ကာကွယ်ပြောဆို
လိုက်ပါတယ်။
လက်ရှိအခြေအနေ မှာတော့ မန်ယူဟာ နံပါတ်(၄) နေရာ မှာ ရှိနေပေမယ့် ဆောက်သမ်တန်၊ လီဗာပူးနဲ့ စပါးတို့က နံပါတ်(၄)နေရာ ကို ခြိမ်းခြောက်နေပါတယ်။ နည်းပြ ဗန်ဟားလ်အနေနဲ့ လွန်ခဲ့တဲ့ ငါးပွဲ မှာ တစ်ပွဲသာ အရှုံးရှိခဲ့ပေမယ့် ဖိအား ပေးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ကောင်းမြတ်သူ-စုစည်းသည်

No comments:
Post a Comment