Thursday, February 26, 2015

နိုင်ငံရေးနှင့်လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

'နိုင်ငံရေးနှင့်လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်   ဖေဖော်ဝါရီ   ၂၅

နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့်ကုလသမဂ္ဂတို့ ပူးပေါင်းကျင်းပသည့် အာဆီယံ-ကုလသမဂ္ဂ နိုင်ငံရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက နေပြည်တော်ရှိ ဂရင်းအမရဟိုတယ်၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ အစိုးရအဖွဲ့တာဝန်ရှိသူများ၊  ဌာနဆိုင်ရာအကြီးအကဲများနှင့်ပညာရှင်စုစုပေါင်း ၇၆ ဦး တက်ရောက်ဆွေးနွေးကြပြီး အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းနှင့် ကုလသမဂ္ဂ မူဝါဒရေးရာနှင့်ညှိနှိုင်းရေးဌာန ညွှန်ကြားရေးမှူး မစ္စတာ လီဗန့်ဘီ(လ်)မင်းတို့ က အဖွင့်အမှာစကားပြောကြားကြသည်။

အဆိုပါဆွေးနွေးပွဲ၌ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး၊ ကြိုတင်ကာကွယ်မှု  သံတမန်နည်းလမ်းဆိုင်ရာလုပ်ငန်းနှင့် ကမ္ဘာ့အခြားဒေသများ၏သင်ခန်းစာများ၊ အရှေ့တောင်အာရှတွင်ကြုံတွေ့နေရသည့် ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများ၊ဒေသတွင်းစိန်ခေါ်မှုများကို ဖြေရှင်းရန် ကြိုးပမ်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာန အဖွဲ့အစည်း တည်ထောင်မှုတွင်   ကြုံတွေ့နေရ သောစိန်ခေါ်မှုများနှင့်သင်ခန်းစာများ၊အာဆီယံငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ဗဟိုဌာန၏ တိုးတက်မှုဖြစ်စဉ်၊ပဋိပက္ခအရင်း အမြစ်များသတ်မှတ်ရေး၊အာဆီယံ ပြန်လည်သင့်မြတ်ရေးအဖွဲ့အား အထောက်အပံ့ပြုစေသည့် ပြင်ပနှင့်ညှိနှိုင်းဆောင်ရွက်မှုများနှင့်၂ဝ၁၅ ခုနှစ်အတွက် အာဆီယံ-ကုလသမဂ္ဂ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ခိုင်မာသည့်လှုပ်ရှားမှု သတ်မှတ်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးကြမည်ဖြစ်ပြီး ဆွေးနွေးပွဲကို သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
 
အဆိုပါ အာဆီယံ-ကုလသမဂ္ဂ နိုင်ငံရေးနှင့်လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲဆိုင်ရာ   သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက် ၁ဝ နာရီတွင်ကျင်းပခဲ့ပြီး အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းနှင့်ကုလသမဂ္ဂ  မူဝါဒရေးရာနှင့်ညှိနှိုင်းရေးဌာန  ညွှန်ကြားရေးမှူး မစ္စတာလီဗန့်ဘီ(လ်)မင်းတို့က  သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။ 

(သတင်းစဉ်)'

(သတင်းစဉ်)

No comments:

Post a Comment