Thursday, February 26, 2015

နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေးဆွေးနွေး



နေပြည်တော် ဖေဖော်ဝါရီ ၂၅
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ
ဦးခင်အောင်မြင့်သည် မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယားသံအမတ်ကြီးH.E. Mr. Lee Baek-Soon အား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင် ၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ အမျိုးသား လွှတ်တော်နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ ဦးညွန့်တင်နှင့် အမျိုးသားလွှတ်တော် ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြ သည်။
ထို့သို့လာရောက်တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြ သည်။
(သတင်းစဉ်)


No comments:

Post a Comment