Thursday, February 26, 2015

မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေး



နေပြည်တော် ဖေဖော်ဝါရီ ၂၅
ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် နယ်သာလန်နိုင်ငံ ဟန်နီကန်ကုမ္ပဏီ နိုင်ငံတကာဆိုင်ရာ ပြင်ပဆက်သွယ်ရေးညွှန်ကြားရေးမှူး မစ္စတာ ဂျွန် ကလော့ခ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း၊ ဦးသန့်ကျော်နှင့် ဦးချန်မောင်တို့ တက်ရောက်ကြသည်။
(သတင်းစဉ်)


No comments:

Post a Comment