Sunday, February 1, 2015

သံလွင်တံတား (ချောင်းဆုံ)မြစ်ကူးတံတားတည်ဆောက်ရေး မြေသန့်မင်္ဂလာအခမ်းအနားကျင်းပ

Photo: သံလွင်တံတား (ချောင်းဆုံ)မြစ်ကူးတံတားတည်ဆောက်ရေး မြေသန့်မင်္ဂလာအခမ်းအနားကျင်းပ

ချောင်းဆုံ  ဇန်နဝါရီ  ၃၁

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာ   လယ်ပိုင်ရှင် ဦးမြင့်လွင်၏ လယ်ပေါ်တည်ဆောက် ရေးနေရာအမှတ် K-13 တွင် သံလွင် တံတား(ချောင်းဆုံ)  မြစ်ကူးတံတားတည်ဆောက်ရေး   မြေသန့်မင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၃၁ ရက် နံနက် ၆နာရီခွဲကကျင်းပရာ ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး   ချောင်းဆုံမြို့နယ် သံဃနာယက အကျိုးတော်ဆောင် ဆရာတော်ဦးဝါယာမိန္ဒ အရှင်သူမြတ်ထံမှ ကိုးပါးသီလခံယူကြသည်။ 

ယင်းနောက် ဆရာတော်များထံမှ သံလွင်မြစ်အတွင်း တည်ဆောက်မည့် ရေလယ်တိုင်နေရာနှင့် မြေနေရာတို့အား အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈယ် ချီးမြှင့်ခဲ့ပြီး   လှူဖွယ်ဝတ္ထုပစ္စည်းများကို တာဝန်ရှိသူများမှ    ဆက်ကပ်လှူဒါန်းခဲ့သည်။ အကျိုးတော်ဆောင် ဆရာတော်မှ အနုမောဒနာမေတ္တာပို့ ရေစက်သွန်းချ အမျှပေးဝေခြင်းပြုလုပ်ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ မြို့နယ်တာဝန်ခံ ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ် ဦးဝင်းကြည်၊    ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမင်းအေးလွင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးနှင့်  မြို့နယ်စီမံခန့်ခွဲ ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊   ရပ်/ကျေးအုပ်ချုပ် ရေးမှူးများ တက်ရောက်ကြသည်။

(မြို့နယ် ပြန်/ဆက်)
 
No comments:

Post a Comment