Sunday, February 1, 2015

လမ်းလျှောက်ဆန္ဒဖော်ထုတ်သည့်ကျောင်းသားအဖွဲ့ ချောက်မြို့နယ်အတွင်းသို့ ရောက်ရှိ

 Photo: လမ်းလျှောက်ဆန္ဒဖော်ထုတ်သည့်ကျောင်းသားအဖွဲ့ ချောက်မြို့နယ်အတွင်းသို့ ရောက်ရှိ
======================

ချောက်   ဇန်နဝါရီ   ၃၁

အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်၍ လမ်းလျှောက်ဆန္ဒ ဖော်ထုတ် လျက်ရှိသော ကျောင်းသားအဖွဲ့သည် ကျောက်ပန်းတောင်းမြို့တွင် ခေတ္တ ရပ်နားလျက်ရှိရာမှ ယနေ့ နံနက် ၉နာရီတွင် ချောက်မြို့သို့ ဆက်လက်ထွက်ခွာ ခဲ့ကြရာ မိုင်တိုင် ၃၉၁/၂ တွင် ချောက်မြို့နယ်မှ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖ များက ဥပဒေနှင့်အညီဆောင်ရွက်ရန် တွေ့ဆုံညှိနှိုင်းပြောကြားခဲ့သော်လည်း  ရပ်နားခြင်းမရှိဘဲ ဆက်လက်ထွက်ခွာခဲ့ကြသည်။

အဆိုပါ အဖွဲ့တွင် သံဃာအချို့နှင့် ဒေသခံအချို့ အပါအဝင် အင်အား ၁ဝဝ ခန့်ရှိကြောင်း၊ ည ၇ နာရီခန့်တွင် ချောက်မြို့နယ် ထန်းခြောက်ပင် ကျေးရွာ ဘုန်းကြီးကျောင်းသို့ ရောက်ရှိရပ်နားခဲ့ကြောင်း သိရသည်။
 
No comments:

Post a Comment