Sunday, February 1, 2015

မြန်မာယူ ၂၀ အသင်း ရှက်တာဒိုးနက် လူငယ်အသင်းကို ဂိုးပြတ်အနိုင်ရရှိ

Photo: မြန်မာယူ ၂၀ အသင်း ရှက်တာဒိုးနက် လူငယ်အသင်းကို ဂိုးပြတ်အနိုင်ရရှိ
====================================

တူရကီနိုင်ငံ၌ ခြေစမ်းပွဲများ သွားရောက်ကစားနေသည့် မြန်မာယူ-၂ဝ အသင်းသည် ဇန်နဝါရီ ၃ဝ ရက်က ယူကရိန်းကလပ် ရှက်တာဒိုးနက် ယူ-၂၁ အသင်းနှင့် ထပ်မံခြေစမ်းကစားခဲ့ရာ လေးဂိုး-တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိ ခဲ့သည်။

မြန်မာယူ-၂ဝ အသင်းသည် မူလက ခြေစမ်းပွဲငါးပွဲသာကစားရန် စီစဉ်ခဲ့ သော်လည်း ယခုပွဲကို ထပ်မံကစားခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် လူစုံ အသုံးပြုခဲ့ပြီး ၁၃ မိနစ်တွင် နန္ဒကျော်က ပယ်နယ်တီမှတစ်ဆင့် အဖွင့်ဂိုးသွင်း ယူခဲ့သည်။ ဂိုးရပြီး နောက်ပိုင်းတွင် မြန်မာယူ-၂ဝ အသင်း ကစားပုံပိုကောင်း ခဲ့ပြီး ၃၅ မိနစ်တွင် နန္ဒကျော်က အဝေးကန်ချက်ဖြင့် ဒုတိယဂိုး၊ ၆၃ မိနစ်တွင် သန်းပိုင်က တတိယဂိုး၊ ၈၆ မိနစ်တွင် အောင်သူက စတုတ္ထဂိုးတို့ကို သွင်းယူ ခဲ့သည်။ ရှက်တာဒိုးနက် ယူ-၂၁ အသင်းသည်  ယူကရိန်း ယူ-၂၁ လိဂ်၏ ထိပ်တန်းအသင်းတစ်သင်းလည်း ဖြစ်သည်။

မြန်မာယူ-၂ဝ အသင်းသည် တူရကီခြေစမ်းခရီးစဉ်တွင် ခြေစမ်းပွဲ ခြောက် ပွဲကစားခဲ့ရာ လေးပွဲနိုင် တစ်ပွဲသရေ၊ တစ်ပွဲရှုံးဖြင့် ရလဒ်ကောင်းများ ရရှိခဲ့ သည်။ မြန်မာယူ -၂ဝ အသင်းသည် ဖေဖော်ဝါရီ ၁ ရက်တွင် ရန်ကုန်မြို့သို့ ထွက်ခွာလာမည်ဖြစ်သည်။                                          ဖိုးသော်ဇင်
 
No comments:

Post a Comment