Sunday, February 1, 2015

နေအိမ်ဘေးမှနှင်းခဲများ ဖယ်ရှားခြင်းမပြု၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ဒေါ်လာ ၅ဝ ဒဏ်ရိုက်

Photo: နေအိမ်ဘေးမှနှင်းခဲများ ဖယ်ရှားခြင်းမပြု၍
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ဒေါ်လာ ၅ဝ ဒဏ်ရိုက်

ဘော်စ်တွန်     ဇန်နဝါရီ     ၃၁

အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ်တွင် ယခုသီတင်းပတ်အတွင်း နှင်းမုန်တိုင်းကျရောက်ပြီးနောက် လမ်းပေါ်တွင် စုပုံနေသော နှင်းခဲများကို ဂေါ်ပြားဖြင့် ဖယ်ရှားရာ၌ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၏ နေအိမ်က ပါဝင်ဆောင်ရွက်ခြင်းမပြုသဖြင့် ၎င်းကို ဒေါ်လာ ၅ဝ ဒဏ်ရိုက်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၃ဝ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ဘော်စ်တွန်မြို့၏ သမိုင်းဝင်ဘေကွန်ဟေးလ်ရပ်ကွက်၌ ဝန်ကြီး ကယ်ရီ ငှားရမ်းထားသော နှင်းဖယ်ရှားရေးကုမ္ပဏီနှင့် ၎င်း၏ အိမ်နီးချင်းတို့သည် ၎င်း၏အိမ်နှင့်ကပ်လျက် လူသွားလမ်းတွင် အဝါရောင်တိပ်ဖြင့် တားဆီးထားသည်ကို တွေ့မြင်ရ၍ ထိပ်တန်းဝန်ကြီးတစ်ဦးအတွက် လုံခြုံရေးနှင့် ပတ်သက်သည်ဟု ၎င်းတို့က ထင်ခဲ့ကြသည်။ ယင်းနောက် ထိုနေ့ ကြာသပတေးနေ့မှာပင် ဒဏ်ရိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ အဝါရောင်တိပ်တားဆီးထားခြင်းမှာ ရေခဲနှင့်နှင်းခဲများပေါ်တွင် လမ်းလျှောက်သူများ လဲကျခြင်းမရှိစေရန် သတိပေးသည့်အနေဖြင့် ဟန့်တားခြင်းဖြစ်ကြောင်း ဝန်ကြီး၏ပြောရေးဆိုခွင့်ရှိသူ ဂလင်းဂျွန်ဆင်က ပြောကြားသည်။ အဆိုပါ အဝါရောင်တိပ်အတွင်းသို့ဝင်ရောက်ရန် ခွင့်ပြုကြောင်း သိရသည့်အခါ ကန်ထရိုက်တာများက လူသွားလမ်းပေါ်မှ နှင်းခဲများကို ကြာသပတေးနေ့ နံနက်နှောင်းပိုင်းတွင် ဖယ်ရှားပြီးစီးခဲ့ပါသည်ဟု ၎င်းက ပြောကြားသည်။ နှင်းမုန်တိုင်းကျသည့်အချိန်တွင် ကယ်ရီသည် အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့်အတူ ဆော်ဒီဘုရင် အဗ္ဗဒူလာ၏ ဈာပနအခမ်းအနား တက်ရောက်ရန်နှင့် ဆက်ခံသူ ဘုရင် စူလေမန်နှင့် တွေ့ဆုံရန် ဆော်ဒီအာရေဗျ နိုင်ငံသို့ ရောက်ရှိလျက်ရှိသည်။ ယခုအခါ နှင်းခဲများကို ဂေါ်ပြားဖြင့် ဆက်လက် ဖယ်ရှားလျက်ရှိသည်ဟု ဂျွန်ဆင်က ပြောကြားသည်။ ဘီဘီစီ။

No comments:

Post a Comment