Sunday, February 1, 2015

ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ရေး စီမံကိန်းလုပ်ငန်းများ မိုးမကျမီပြီးစီးရေးဆောင်ရွက်လျက်ရှိ



နေပြည်တော် ဇန်နဝါရီ ၃၁

ယနေ့နံနက် ၁၁ နာရီက လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်းတို့ စီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိကြရာ ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းပြ မြေပုံဖြင့် မြစ်ကြောင်းတစ်လျှောက် စက်ယန္တရား အင်အားဖြန့်ခွဲပြီး အကောင်အထည်ဖော်ပြီးစီးမှု အခြေအနေနှင့် အချိန်မီ အချိန်ကိုက် ရာနှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက်နေမှု ၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့အား ပေါင်းစည်း ဆက်စပ်နေသော မြစ်ကြောင်း စီမံကိန်းအား ဘက်စုံအကျိုးဖြစ်ထွန်းစေရန် မြစ်ကြောင်းအား ပြန်လည်တူးဖော်ခြင်းလုပ်ငန်းနှင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ပန်းလှိုင်မြစ်နှင့် ကုက္ကိုဝမြစ်တို့ ပေါင်းဆုံရာ မြစ်ဝနေရာနှင့် ပန်းလှိုင်မြစ်နှင့် လှိုင်မြစ် တို့ပေါင်းဆုံရာ မြစ်ဝနေရာများ၌ ရေထိန်းတံခါး အခိုင်အမာတပ်ဆင် တည်ဆောက်ရန် လိုအပ်သော လုပ်ငန်းများကို နယ်သာလန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့၏ အထောက်အပံ့ဖြင့် ဒီဇိုင်းပုံစံရေးဆွဲခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်ခြင်းနှင့် အကြိုလေ့လာ စူးစမ်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်အပေါ် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ ရေရှည်တည်တံ့ခိုင်မြဲသော အကျိုးရလဒ်များကို ဒေသနေပြည်သူလူထုတို့ ရရှိခံစားနိုင်ရေးကို အချိန်မီ အချိန်ကိုက် ဆောင်ရွက်ရန် လုပ်ငန်းများနှင့် နိုင်ငံတကာ အထောက်အပံ့အကူအညီများ၊ ပညာရှင်များအားကို ရယူ၍လုပ်ဆောင်ရန်ရှိသော လုပ်ငန်းများကို ဟန်ချက်ညီစွာဖြင့် စီမံချက်ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အနိမ့်ပျံလေယာဉ် ကာရာဗန်အမျိုးအစား XY-AJK ဖြင့် မင်္ဂလာဒုံလေဆိပ် လှိုင်မြစ်ဝမှ ကုက္ကိုဝမြစ်ဝအထိ အရှည် ၃၄ ဒသမ ၅ မိုင် ၊ အကျယ် ပေ ၁၅ဝ ၊ အနက် ၁၈ ပေရှိသော ပန်းလှိုင်မြစ်ကြောင်းတစ်လျှောက် မြစ်ကြောင်းပြန်လည် တူးဖော်ခြင်းလုပ်ငန်းကို စက်ယန္တရားကြီးများဖြင့် ဖြန့်ခွဲဆောင်ရွက်နေမှုများကို အသေးစိတ်မှတ်တမ်းတင် ရိုက်ကူးခြင်း ၊ လေကြောင်းမှ တွေ့ရှိ ချက်များအပေါ် လုပ်ငန်းတိုးတက် အကောင်အထည်ဖော်နေမှုနှင့် အချိန်ကိုက်ပြီးစီးရေးအတွက် ဖြည့်တင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် မြေပြင်တူးဖော်ခြင်းလုပ်ငန်းများ၊ မြေစာများအား လမ်းခင်းခြင်းများကိုလည်းကောင်း၊ ပန်းလှိုင်မြစ်ကူးတံတားမှ မြစ်ကြောင်းတစ်လျှောက် တူးဖော်ပြီးစီးမှုအခြေ အနေများကိုလည်းကောင်း အသေးစိတ်ကြည့်ရှုစစ်ဆေးသည်။

ဤစီမံကိန်းပြီးစီးပါက ပန်းလှိုင်မြစ်ကြောင်း ဝဲ၊ ယာ တစ်လျှောက် လယ်မြေဧက ၁၂ဝဝဝဝ ကို ရေကြီး နစ်မြုပ်မှုမှ ကာကွယ်နိုင်ပြီး မိုးစပါး၊ နွေစပါး အောင်မြင်စွာစိုက်ပျိုးရန် လုံလောက်သော ရေချိုများထိန်းသိမ်း ဖြန့်ဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)

No comments:

Post a Comment