Sunday, February 1, 2015

အီတလီနိုင်ငံတွင် သမ္မတအသစ်ခန့်အပ်



ရောမ ဇန်နဝါရီ ၃၁

အီတလီပါလီမန်က ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးတရား သူကြီးတစ်ဦးဖြစ်သည့် ဆာဂျီရိုမတ် တာရီလာအား သမ္မတအဖြစ် ယနေ့ ရွေးချယ်တင်မြှောက်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အသက်(၈၉)နှစ် ရှိပြီဖြစ်သည့် သမ္မတ ဂျီရော်ဂျီရိုနာပိုလီတီနိုက အသက်အရွယ်ကြီးရင့်ပြီဖြစ်သဖြင့် ၎င်း၏ ဆန္ဒအလျောက် သမ္မတရာထူးမှ နုတ်ထွက်ခဲ့သည်။

သမ္မတရာထူးအတွက် မဲဆန္ဒ ခံယူပြီးနောက် ဆာဂျီရိုမတ်တာရီလာအား သမ္မတအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သမ္မတ ဆာဂျီရို မတ်တာရီလာသည် ဝန်ကြီးချုပ် မာတီရိုရန်ဇီ၏ ထောက်ခံအားပေးမှုကို ရရှိခဲ့သူလည်း ဖြစ်သည်။ အီတလီနိုင်ငံ၏ သမ္မတရာထူးသည် စည်းမျဉ်းခံစနစ် ဖြစ်သော်လည်း ဝန်ကြီးချုပ်ရာထူးကို ခန့်အပ်နိုင်သည့် အခွင့်အာဏာ ရှိသည်။ သမ္မတဟောင်း ဂျီရော်ဂျီရို နာပိုလီတီနို၏ ရှစ်နှစ်ခွဲသက်တမ်းတွင်ဝန်ကြီးချုပ် ငါးဦး ပြောင်းလဲ ခန့်အပ်ခဲ့သည်။ ဘီဘီစီ။

No comments:

Post a Comment