Thursday, February 26, 2015

ကိုးကန့်သောင်းကျန်းသူအဖွဲ့များက ကုန်းကြမ်းမြို့ရှိ တပ်ရင်းဌာနချုပ်နှင့် လောက်ကိုင်မြို့တွင်းသို့ အဝေးမှ နှောင့်ယှက်ပစ်ခတ် ကုန်းကြမ်း-လောက်ကိုင်ကားလမ်းမိုင်တိုင် (၂၃)အနီးရှိ တောင်ကုန်းအား တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်သိမ်းပိုက်



နေပြည်တော် ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်းကြမ်းမြို့တွင်ရှိသော နယ်မြေခံတပ်ရင်းဌာနချုပ်အား ဖေဖော်ဝါရီ ၂၄ ရက် ညပိုင်းတွင် ကိုးကန့်သောင်းကျန်းသူအင်အားစုအချို့မှ ဒုံးပစ်လောင်ချာ၊ လက်နက်ငယ်များဖြင့် အဝေးမှလာရောက်နှောင့်ယှက်ပစ်ခတ်ခဲ့ရာ တပ်ရင်းဌာနချုပ်မှ ပြန်လည်ပစ်ခတ်ခဲ့သဖြင့် သောင်းကျန်းသူများပြန်လည်ဆုတ်ခွာသွားခဲ့သည်။ ထိုသို့ပစ်ခတ်မှုကြောင့် အရာရှိ၊ စစ်သည်မိသားစုများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။
လောက်ကိုင်မြို့ ပတ်ဝန်းကျင်တွင် နယ်မြေ ရှင်းလင်းရေးဆောင်ရွက်လျက်ရှိသော တပ်မတော် စစ်ကြောင်းက ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်းတွင် လောက်ကိုင်မြို့၏ အနောက်ဘက် ၂ မိုင်ခန့်အကွာ၌ ကိုးကန့်သောင်းကျန်းသူအင်အားစုအချို့နှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကိုးကန့်သောင်းကျန်းသူများထံမှ အမ် (၂၂) တစ်လက်၊ ကျည် ၂၆ တောင့်နှင့် ကျည်အိမ် တစ်ခုတို့ကို သိမ်းဆည်းရမိခဲ့သည်။
ကိုးကန့်သောင်းကျန်သူအဖွဲ့များသည် လောက်ကိုင် မြို့အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်၍ လုပ်ဆောင်လျက်ရှိရာ ယနေ့နံနက် ၆ နာရီခွဲခန့်တွင် ကိုးကန့်သောင်းကျန်းသူများက လောက် ကိုင်မြို့မြောက်ဘက်ရှိ စီအောကျေးရွာဘက်မှ လောက်ကိုင်မြို့တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးပယ်စောက်ချိန်၏ နေအိမ်ဝင်းအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ကိုးကန့်လုံခြုံရေးအဖွဲ့မှ တစ်ဦး သေဆုံး ၍ လေးဦးဒဏ်ရာရရှိခဲ့သည်။ ထိုသို့ လက်နက်ကြီး ဖြင့် လာရောက်ပစ်ခတ်ခဲ့သော နေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းဆောင် ရွက်လျက်ရှိသည်။
ကုန်းကြမ်း-လောက်ကိုင်ကားလမ်းတွင် ဒေသခံ ပြည်သူများ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများက ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းမှစ၍ ကားလမ်းတစ်လျှောက် နယ်မြေ ရှင်းလင်းဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် မိုင်တိုင်(၂၃)အနီးရှိ ကိုးကန့်သောင်းကျန်းသူများ ယာယီခြေကုပ်ယူထားသည့် စစ်ဗျူဟာအရ အရေးကြီး သော ပွိုင့်-၂၁၇၅ တောင်ကုန်းအား တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့ပြီး ဆုတ်ခွာသွားသော ကိုးကန့်သောင်းကျန်းသူများ နောက်သို့ တပ်မတော်စစ်ကြောင်းများက လိုက်လံရှင်း လင်းလျက်ရှိကြောင်း သတင်းရရှိသည်။
(မြဝတီ)

No comments:

Post a Comment