Thursday, February 26, 2015

ခေတ်ဟောင်းမော်တော်ယာဉ် ၇၆ စီးဖြင့် ကမ္ဘာလှည့်ခရီးသွားများအဖွဲ့ ပုဂံဒေသသို့ ရောက်ရှိ



ညောင်ဦး ဖေဖော်ဝါရီ ၂၅
ညောင်ဦးတွင် နယူးဇီလန်နိုင်ငံသား ဧည့်သည်Mr.ANDERSON Roger ဦးဆောင်သော ခေတ်ဟောင်း မော် တော်ယာဉ် ၇၆ စီးဖြင့် ကမ္ဘာလှည့်ခရီး သွားလာရေးအဖွဲ့သည် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါ လျက် မန္တလေးမြို့မှ ညောင်ဦး (ပုဂံ) ရှေးဟောင်းယဉ်ကျေးမှု နယ်မြေဒေသ သို့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ ညနေ ပိုင်းက ရောက်ရှိခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ ခေတ်ဟောင်းမော်တော် ယာဉ်ခရီးသွားလာရေးအဖွဲ့သည် ထိုင်း နိုင်ငံ ဗန်ကောက်မြို့မှ ကရင်ပြည်နယ် မြဝတီမြို့၊ ဘားအံမှ မော်လမြိုင်မြို့၊ မော်လမြိုင်မြို့မှ နေပြည်တော်-အင်းလေး-မန္တလေးမြို့များသို့ သွား ရောက်လည်ပတ်ခဲ့ကြောင်း၊ ဖေဖော် ဝါရီ ၂၄ ရက်တွင် မန္တလေးမြို့မှ မြင်းခြံ-ပုပ္ပား-ကျောက်ပန်းတောင်း လမ်းအတိုင်း ခရီးဆက်ခဲ့ပြီး နံနက် ပိုင်းတွင် ပုပ္ပားသို့ရောက်ရှိကာPOPA RESORTဟိုတယ်၌ နေ့လယ်စာစား ခေတ္တနားခဲ့ကြကြောင်း၊ မွန်းလွဲပိုင်း တွင် ပုပ္ပားမြို့မှတစ်ဆင့် ပုဂံရှေး ဟောင်းယဉ်ကျေးမှုနယ်မြေဒေသသို့ ခရီးဆက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပုဂံတွင် ရွှေနန်းတော်ဟိုတယ်၌ ညအိပ်ရပ်နား တည်းခိုပြီး ဖေဖော်ဝါရီ ၂၅ ရက်တွင် ပုဂံမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာ မည်ဖြစ်ကြောင်း သိရသည်။
ထိုအဖွဲ့သည် ဖေဖော်ဝါရီ ၂၆ ရက် တွင် ရန်ကုန်မြို့မှ ဥရောပနိုင်ငံသို့ လေယာဉ်ဖြင့်လည်းကောင်း၊ မော် တော်ယာဉ်များကို သင်္ဘောဖြင့်လည်း ကောင်း တင်ဆောင်ကာ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း၊ မော်တော် ကား ၇၆ စီးအနက်မှ နှစ်စီးသာ ထိုင်း နိုင်ငံ မဲဆောက်မြို့သို့ ပြန်လည်ထွက်ခွာ မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရဲသူရအောင် (ညောင်ဦး)


No comments:

Post a Comment