Friday, February 27, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ မလေးရှားသံအမတ်ကြီး ခန့်အပ်လွှာပေးအပ်



နေပြည်တော် ဖေဖော်ဝါရီ ၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ် ကြီး မစ္စတာ မိုဟာမက် ဟာနဖ်ဘင် အဗ္ဗဒူလာရာမန်သည် ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ သမ္မတ အိမ်တော်သို့ သွားရောက်၍ ၄င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ် သည်။
တက်ရောက်
အဆိုပါ သံအမတ်ခန့်အပ်လွှာ ပေးအပ်ပွဲအခမ်းအနားသို့ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် နှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရိန်သန့်ဇင် တို့ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment