Friday, February 27, 2015

စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းများသိမ်းဆည်းရမိ




နေပြည်တော် ဖေဖော်ဝါရီ ၂၆



မူးယစ်တပ်ဖွဲ့စု(၂၃)တန့်ယန်းမှ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၁ ရက်က တန့်ယန်းမြို့နယ် ဝမ်နားကျေးရွာအနီး မိုင်းကောင်-တန့်ယန်း လမ်းမပေါ်တွင် မိုင်းကောင်ကျေးရွာ ဘက်မှ တန့်ယန်းဘက်သို့ စိုင်းထွန်း ခင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အားစစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် အစစ်ဆေးမခံဘဲ ဆိုင်ကယ်ကို လမ်း၏ယာဘက်သို့ ထိုးဆင်း၍ ¤င်းလွယ်ထားသည့် လွယ်အိတ်ကို ပစ်ချထွက်ပြေးသွားသဖြင့် လိုက်လံ ဖမ်းဆီးရာဖမ်းဆီးရမိပြီး ပစ်ချခဲ့သည့် လွယ်အိတ်အားရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁ဝဝဝဝ သိမ်းဆည်း ရမိသဖြင့် စိုင်းထွန်းခင် (ခ)စံခင် (၄၄)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
မူးယစ်တပ်ဖွဲ့စု (၂) မြစ်ကြီးနားမှ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၁ ရက်က မိုးကောင်းမြို့နယ် ဆားမှော် ကျေးရွာ ရပ်ကွက်(၃)နေ သိန်းဟန်၏ နေအိမ်ကိုရှာဖွေရာ နေအိမ်အောက် မြေကြီးအတွင်းမှ ကော်ဘူးဖြင့်ထည့် ထားသည့် အဝတ်ဘိန်း ၁ ဒဿမ ၅ဝ၅ ကီလို၊ နေအိမ်ခေါင်းရင်းဝါးထရံကြားမှ ပလတ်စတစ်ဖြင့်ထည့်ထား သည့် အဝတ်ဘိန်း သုည ဒသမ ဝ၄ ကီလိုနှင့် အိမ်သာတိုင်ကြားမှ ပလတ်စတစ်ဖြင့် ထည့်ထားသည့် အဝတ်ဘိန်း သုည ဒသမ ဝ၃ ကီလို စုစုပေါင်း အဝတ်ဘိန်း ၁ ဒသမ ၅၇၅ ကီလို သိမ်းဆည်းရမိသဖြင့် သိန်းဟန် (၅၆)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သိရသည်။
မူးယစ်တပ်ဖွဲ့စု(၂၉) မိုင်းဆတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဖေဖော်ဝါရီ ၂၁ ရက်က မိုင်းဆတ်မြို့နယ် မိုင်းခုတ်မြို့ လွယ်ဆောင်ကျေးရွာအုပ်စု နားလည် ကျေးရွာနေ မအားချူးရာ၏ နေအိမ် ကိုရှာဖွေရာ ၎င်းနှင့်အတူ ဖခင်ဖြစ်သူ အားဘီအားတွေ့ရှိပြီး မအားချူးရာ၏ လည်ပင်း၌ဆွဲထားသည့် ပုတီးကုံးနှင့်တွဲလျက် အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၈ ပြား၊ အားဘီဝတ်ဆင်ထားသည့် ဘောင်းဘီ ဝဲဘက်အိတ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၆ဝ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၇၈ ပြားနှင့် အားဘီထိုင်နေသည့် ဘေးကြမ်းခင်း ပေါ်မှ ဘိန်းမည်း သုည ဒသမ ဝ၁၆၃၃ ကီလိုတို့ကို သိမ်းဆည်း ရမိသဖြင့် မအားချူးရာ (၁၈)နှစ်နှင့် အားဘီ (၄၅)နှစ်တို့ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(မူးယစ်ဗဟို)

No comments:

Post a Comment